အပြစ်မဲ့ တအာင်းရွာသားများကို လူသားမဆန်စွာ သတ်ဖြတ်ခြင်းအ​ပေါ် တအာင်းအမျိုးသမီးအဖွဲ့အစည်း၏ သ​ဘောထားထုတ်ပြန်​ကြေငြာချက်

ရက်စွဲ။  ။ ၉ရက်၊ ဇွန်လ၊ ၂၀၁၆

ဇွန်လ ၁ ရက် ၂၀၁၆ ခုနှစ်တွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကြူဆိုင်းကျေးရွာနေ အဘ ဦးယိုင်ခမ်း၊ အမိ ဒေါ်အိုင်မွမ်း၏ သား ဖြစ်သူ မိုင်းလုမ်အောင်ကြည် အသက်(၂၂) နှစ်သည် နေ့လည် ၁၁ နာရီအချိန်တွင် လက်ဖက်ခင်းရှိ မီးသွေးဖိုသို့ သွားစဉ်တွင် RCSS/SSA ထောင်ထားသည့် မိုင်းနင်းမိရာမှ သေဆုံးခဲ့ကြောင်း သိရသည်။ မိုင်းဗုံးများထောင်ခြင်း ရွာသားများအားသေစေနိုင်သော လက်နက်များအသုံးပြု နေခြင်းကိုလည်း ပြစ်တင်ရှုံ့ချသည်။

 

ဇွန်လ ၃ ရက်၊ ၂၀၁၆ ခုနှစ် မာန်အောင် ကျေးရွာသားနှစ်ဦးအား လူသားမဆန် ရက်စက် ကြမ်းကြုတ်စွာ ခေါင်းဖြတ် လှီးသတ်သော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၏ ပြစ်မှုကျူးလွန်သည့်အပေါ် မိမိတို့ တအာင်းအမျိုးသမီးမှ ပြစ်တင်ရှုံ့ချသည်။

မာန်အောင်ကျေးရွာတွင် နေထိုင်သော တားညီစံကား၊ ယာအီပူး၏ သား မိုင်းညီဇားဝင်း(ခ)ညီပါ့ အသက် ၃၄ နှစ်နှင့် တာလုမ်စုမ်၏ သား

မိုင်းအိုက်ထွန်းဦး အသက် ၃၃ နှစ်တို့  နှစ်ဦးသည် ဇွန်လ ၁ ရက်နေ့တွင် ပျောက်ဆုံးသွားခဲ့သည်ဟု သိရသည်။

ပျောက်ဆုံးသွားသော နမ့်ခမ်းမြို့နယ် မာန်အောင် ရွာသား နှစ်ဦးသည် ဇွန်လ ၁ ရက်နေ့ ညနေပိုင်းတွင် နောင်အန် ကျေးရွာ တရားပွဲသို့ သွားသည့်အချိန်တွင် လမ်းတ၀က်မှာ ရှမ်းပြည် ပြန်လည်ထူ ထောင်ရေး ကောင်စီ RCSS/SSA ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရ သည်ဟု သိရှိ

ရပြီး ၎င်းရွာသားနှစ်ဦးသည် ဓားဖြင့် လည်ပင်းတွင် ခုတ်သတ်ခံရကြောင်း ဇွန်လ ၃ ရက်နေ့တွင် အလောင်းကို တွေ့ခဲ့သည် ဟု ဒေသခံများ ထံမှ သိရှိရသည်။

မိုင်းညီဇားဝင်းနှင့် မိုင်းအိုက်ထွန်းဦးတို့နှစ်ဦးပျောက်ဆုံးသည့် နေ့၏ ည ၈ နာရီဝန်းကျင်တွင် သေနတ် ကိုင်ဆောင်ထားသည့် အင်အား ၅ဝ ဝန်းကျင်ရှိ ရှမ်းတပ်ဖွဲ့များသည် ဒေသခံတစ်ဦးအား နောင်အန် ကျေးရွာအတွင်း မည်သည့်တပ်များ ရှိသည်ကို စစ်ဆေးမေးမြန်းခြင်း ပြုလုပ်ခဲ့သည်။

နောင်အန်ကျေးရွာဒေသခံတစ်ဦးက “ သူတို့ (RCSS/SSA) က ရွာက လူတစ်ယောက်ကို အဲ့ညမှာ စစ်ဆေးတယ်။ ဒီ ရွာမှာ တအာင်း၊ ရှမ်း၊ ဗမာ၊ ပြည်သူ့စစ်တွေ ရှိလား၊ ပြီးတော့ တအာင်းစစ်တပ်ထဲ ဝင်တဲ့ မိသားစုတွေရဲ့ အိမ်ကို သိလား ဆိုပြီးတော့ မေးမြန်းတာပါ။ ၃ ယောက်မေးတာ ၂ ယောက်က ရှမ်းစကားနဲ့ မေးတယ်။ ကျန်တဲ့တစ်ယောက်က ဗမာလိုမေးတယ်။ ဒါပေမယ့် ဗမာတော့ မဖြစ်နိုင်ဘူး အသံနားထောင်ရတာ ဝဲနေတယ်။ တိုင်းရင်းသား ဖြစ်နိုင်တယ်။ သူ့ကို ဖမ်းချုပ်မယ် လုပ်သေးတယ် သူက ပြေးထွက်သွားလို့ အဖမ်း မခံလိုက်ရဘူး၊ ဒါကြောင့် ဒီအခု အဖမ်းခံရပြီးတော့ အသတ်ခံရတဲ့ ၂ ယောက်က ရှမ်းစစ်တပ်က ဖမ်းပြီးသတ်တာပဲ ဖြစ်မယ်” ဟု ဇွန်လ ၃ ရက်တွင် ပြောပြခဲ့သည်။

ထိုအသတ်ခံရသော ရွာသား (၂)ဦးသည် လည်ပင်းတွင် ဓါးဖြင့် ရက်စက်စွာ ခုတ်လှီးထားပြီး သတ်ဖြတ်ခဲ့သည်ဟု သိရှိရသည်။ မာန်အောင် ဒေသခံ တစ်ဦး ပြောချက်အရ“ ပျောက်သွားတဲ့ ရွာသားနှစ်ယောက်လုံးရဲ့ အလောင်းဘဲ ပြန်တွေ့တာ၊ နှစ်ယောက်လုံးရဲ့ လည်ပင်းမှာ ဓားနဲ့ ခုတ်ထားတာကို တွေ့ရပါတယ်၊ လည်ပင်းကတော့ မြင်မကောင်းအောင် ခုတ်ထားတယ်၊ တစ် ခြား ဒဏ်ရာတော့ မတွေ့ပါဘူး” ဟုပြောသည်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို RCSS/SSA မှ လက်မှတ် ထိုးထားပြီး မြန်မာပြည် တနိုင်ငံလုံးငြိမ်းချမ်းရေးစကားပြောနေသည့်အချိန်တွင် ယခုကဲ့သို့ ရွာသားများအပေါ် ခြိမ်းခြောက်ခြင်း၊ မတရားဖမ်းဆီး ညှဉ်းပမ်း နှိပ်စက်ခြင်း၊ အိုးအိမ် ပစ္စည်းများ ဖျက်ဆီးခြင်း နှင့် ရွာသူ၊ ရွာသားများ ထိတ်လန့်အောင် ပြုလုပ်နေခြင်းသည် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ရှိ အပိုဒ် (၅) နှင့် အပိုဒ်(၉) များကို ချိုးဖောက်သည့်အပြင် ငြိမ်းချမ်းရေးဖော်ဆောင်ရန်အတွက် အဟန့်အတားတစ်ခုဖြစ်ပြီး ပြည်သူ လူထုများ အယုံအကြည်ကင်းမဲ့စေသောကြောင့် မိမိတို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းTWO မှ ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချသည်။

ဤဖြစ်စဉ်နှင့်ပတ်သက်ပြီး မိမိတို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ ယခုလို ရွာသားများကို ပစ်မှတ်ထားပြီး မတရားဖမ်းဆီး နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းကို ကျူးလွန်သော မည်သည့် လက်နက်ကိုမဆို ပြစ်တင်ရှုံ့ချသည်။

ထို့ကြောင့် မိမိတို့ အဖွဲ့အစည်းမှ အောက်ပါ အချက်အလက်များကို တောင်းဆိုသည်။

§  အပြစ်မဲ့ပြည်သူလူထုများကို ခြိမ်းခြောက်ခြင်း၊ မတရားဖမ်းဆီးခြင်း၊ ညှဉ်းပမ်း နှိပ်စက်ခြင်း၊ အတင်းအဓမ္မပစ္စည်းများ လုယူခြင်းနှင့် ဖျက်ဆီးခြင်း၊ ပေါ်တာဆွဲခြင်း၊ အများပြည်သူသွားလာသော နေရာများတွင် မြေမြှုပ်မိုင်းများ၊ တခြားမိုင်းဗုံးများ မပြုလုပ်ရန်။

§  တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ လက်နက်ကိုင် အချင်းချင်းကြား ထိုးစစ်ဆင်ခြင်း၊ တိုက်ခိုက်နေခြင်း အမြန်ဆုံး ရပ်တန့်ရန်။

§  သတ်ဖြတ်ခံရသည့် ရွာသူရွာသားများနှင့် နစ်နာသူများအားလုံး တရားမျှတမှုရှိစေရန်အတွက် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီအပါအဝင် ပူးတွဲစောင့်ကြည့်ရေးကော်မတီ - JMC အပြင် အစိုးရနှင့် RCSS/SSA တို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ ချက်ခြင်း တာဝန်ယူဖြေရှင်းပေးရန်။ 

§  မိမိတို့ သဘောတူ လက်မှတ်ထိုးထားသည့် စာချုပ်စာတမ်းများနှင့် စစ်ပွဲအတွင်း စစ် စည်းမျဉ်း၊ စည်းကမ်းများ၊ နိုင်ငံတကာ စစ်ပွဲဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများကို တသွေမတိမ်း လိုက်နာရန်။

 

အလုပ်အမှုဆောင်ကော်မတီ

တအာင်းအမျိုးသမီးအဖွဲ့အစည်း

ဆက်သွယ်ရန်

လိုည်းပိုးကျိန်ကီ - ၀၉ ၂၅၂၃ ၂၅၇၉၉

လိုည်းပိုးညိုဝ်း - ၀၉ ၇၃၀ ၆၃၀ ၁၇

မူးယစ်ဆေးဝါးကြားက ဒုက္ခသံ
လစ်လျူရှု့ခံဘဝများ

PWO အကြောင်း

PWO-Logo

 ပလောင်အမျိုးသမီးအစည်းအရုံးကို အမျိုးသမီးများအား ပညာပေးရန်နှင့် စွမ်းရည်မြှင့်တင်ဆောင်ရွက်ပေးရန် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ပါသည်။ သို့မှသာလျှင် သူတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပိုမိုခိုင်မာစွာ ကျင့်သုံးလာနိုင်ပြီး လူမှုအဖွဲ့အစည်းအတွင်း တန်းတူရည်တူပါဝင်ဆောင်ရွက်လာနိုင်စေရန်ဖြစ်ပါသည်။

Read More...

နောက်ခံသမိုင်း

မွန်ဂိုလွိုက်လူမျိုးနွယ်ကြီး၏ မူရင်းဒေသမှ အာရှတိုက်တွင် အများဆုံးနေထိုင်ကြပြီး အထူးသဖြင့် အာရှတိုက် မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့၌ ပျံ့နှံ့နေထိုင်ကြသည်။ ထို့ကြောင့် ဗီယက်နမ်၊ ခမာ၊ မွန်၊ ဝ၊ ပလောင် (ရိအာန်) မုဏ္ဍ၊ ဆန်သာလ်၊ ခါဆီစသော လူမျိုးတို့သည် မွန်ခမာအနွယ်မှ ပေါက်ဖွားလာသော

Read More...

မိုင်းအိုက်ပန်း(ခ) ကိုမြမောင်

 မိုင်းအိုက်ပန်း(ခ) ကိုမြမောင်    ၁၉၆၂-၂ဝဝ၂ ၇၁ ဦးမြောက် အကျဉ်းထောင်အတွင်း သေဆုံးရသူနိုင်ငံရေးအကျဉ်းသားရဲဘော် မိုင်းအိုက်ပန်းသည် ၁၉၈၄ ခုနှစ်တွင် ပလောင်ပြည်နယ် လွတ်မြောက်ရေးပါတီ အဖွဲ့ဝင်တစ်ဦးအဖြစ် စတင် ပါဝင်လာခဲ့ပါသည်။ ၁၉၈၆ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး မာနယ်ပလောဌာနချူပ်ရှိ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ) ဗဟိုဌာနချူပ်ရုံးသို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးပါတီ၏ ကိုယ်စားလှယ်အဖြစ်စေလွှတ်ခြင်းခံခဲ့ရပါသည်။

Read more...