မန်တုံမြို့နယ် နော်ရဲဝ် ရွာသားတစ်ဦးမှ မြေမြှုပ်မိုင်း နင်းမိ၍ ချက်ချင်းသေဆုံးခဲ့

Print
Category: News
Published Date
Written by Admin Hits: 286

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မန်တုံမြို့နယ် နော်ရဲဝ်ကျေးရွာရှိ မိုင်းအနိုင်ယူန်းသည် နိုဝင်ဘာ ၂၅ ရက်နေ့တွင်  မြန်မာ့ တပ်မတော် တပ်မ (၈၈) မြှုပ်နှံထားသော မြေမြှုပ်မိုင်းကို နင်းမိ၍ ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု သိရသည်။

နိုဝင်ဘာ ၂၀ ရက်နေ့ ညနေ (၃) နာရီအချိန်တွင် မြန်မာ့ တပ်မတော် တပ်မ (၈၈) နှင့် တအာင်း တပ်မတော် တပ်ရင်း (၄၇၈) တို့သည် မန်တုံမြို့နယ် မဝေါင်းကျေးရွာနှင့် ဆာလူကျေးရွာကြားတွင် ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် မိုင်းအနိုင်ယူန်းသည် ကြောက်လန့်ပြီး လမ်းကြား တစ်နေရာမှာ သူ့ဆိုင်ကယ်ကို ထားခဲ့ရသည်။ မြန်မာစစ်တပ်များသည် ချက်ချင်းခရီးမဆက်ဘဲ မဝေါင်းကျေးရွာသို့  တည်းခိုခဲ့ကြသည်။

နော်ရဲဝ် ရွာသားတစ်ဦး၏ ပြောပြချက်  ̏  လွန်ခဲ့တဲ့ ၄ ရက်တုန်းက တအာင်းစစ်တပ်နဲ့ မြန်မာစစ်တပ်က မဝေါင်းနဲ့ ဆာလူကြားမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်၊ အဲဒီချိန်မှာ အနိုင်ယူန်းက ဆိုင်ကယ်နဲ့ ဘယ်ကနေ ပြန်လာလဲတော့ မသိဘူး၊ တိုက်ပွဲဖြစ်နေတော့ သူလဲ ကြောက်လို့နေမှာပေါ့၊ ဆိုင်ကယ်နဲ့ ပြန်မလာရဲ တော့ဘဲ လမ်းခုလတ် တနေရာမှာ ထိုးရပ်ပြီး နော်ရဲဝ်ရွာကို ပြန်လာတယ်၊ သူဆိုင်ကယ် ထားခဲ့တဲ့ ချိန်တော့ ဘာမှမဖြစ်ဘူး၊  မြန်မာ စစ်တပ်လည်း ချက်ချင်း ခရီးမဆက်ဘဲ မဝေါင်းရွာမှာ ၂ ည အိပ်သေးတယ်၊ သူတို့ အိပ်တဲ့ အတော်အတွင်းမှာလည်း ရွာအနီးအနား တစ်လျှောက်လုံးကို ကင်းလှည့်ပြီး တအာင်းစစ်တပ်တွေကို ရှာဖွေနေတယ်၊ တအာင်းစစ်တပ်တော့ အဲနားတ၀ိုက်မှာ မရှိကြတော့ဘူး˝ ဟုပြောသည်။

၎င်းမြေမြှုပ်မိုင်းသည် မြန်မာ့တပ်မတော် တပ်မ (၈၈)မှ ရည်ရွယ်ချက် ရှိရှိ တမင်သက်သက် မြုပ်နှံထားသည်ဟု ရွာသား အချို့မှ မှတ်ချက်ပေးသည်။ အဘယ်ကြောင့်ဆိုသော် တပ်မ (၈၈) တို့ ရွာမှ ထွက်ခွာသွားပြီးနောက် အနိုင်ယူန်းသည် နိုဝင်ဘာ ၂၅ ရက်နေ့တွင် ဆိုင်ကယ်သွားယူစဉ် နေ့လည် ၁၁ နာရီချိန်တွင် သူ၏ ဆိုင်ကယ်အနားမှာ ချက်ချင်းပေါက်ကွဲပြီး ပွဲချင်း သေဆုံးခဲ့သည်ဟု ရွာသားတစ်ဦးမှ ထပ်မံပြောပြခဲ့သည်။

̏ နိုဝင်ဘာ၂၅ ရက်နေ့ရောက်တော့ မြန်မာတပ်တွေလည်း ရွာကနေ ထွက်သွားပြီဆိုတော့ အနိုင်ယူန်းလည်း သူ့ဆိုင်ကယ်ယူဖို့ ထားခဲ့တဲ့နေရာကို ထွက်သွားလိုက်တယ်၊ အဲဒီ ဆိုင်ကယ်နား ရောက်တော့ မိုင်းနင်းမိပြီး ပေါက်ကွဲလိုက်တယ်၊ လူတခြား ဆိုင်ကယ် တခြားဖြစ်ပြီး ပွဲချင်းသေဆုံး သွားတယ်၊ အဲဒီ မိုင်းက တပ်မ (၈၈) မြှုပ်ထားတဲ့ မြေမြှုပ်မိုင်းပဲ ဖြစ်မယ်၊ ဘာလို့လဲဆိုတော့ တိုက်ပွဲ ဖြစ်ပွားပြီးချိန်မှာ သူတို့က ချက်ချင်းထွက်မသွားဘဲ မဝေါင်းရွာမှာ ရှိနေတယ်၊ ဒီကိစ္စ နည်းနည်းမှ မဖြစ်သင့်ဘူး၊ သူတို့ တိုက်ပွဲကြောင့် ရွာသားတွေ အသက်ဆုံးရှူံးခဲ့ရတယ် ˝ ဟု ဆက်လက် ပြောသည်။

၂၀ရက်နေ့တွင် မဝေါင်းနှင့် ဆာလူကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် ဤကျေးရွာနားတွင်မရှိဘဲ ကျတော်တို့ ထွက်ခွါသွားခဲ့သည်။ ဤမြေမြှုပ်မိုင်းသည် တအာင်းတပ်မ တော်မှ မြှုပ်ထားသော မိုင်းမဟုတ်ကြောင့် TNLA သတင်းနှင့် ပြန်ကြာရေးဌာန တာဝန်ရှိသူတဦးမှ ပြောပြခဲ့သည်။

TNLA သတင်းနှင့် ပြန်ကြာရေးဌာန တာဝန်ရှိသူတဦး ‘’ ၂၀ ရက်နေ့က မဝေါင်းနဲ့ ဆာလူကျေးရွာကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ ဖြစ်ပွားပြီးတော့ ကျနော်တို့ တပ်တွေက အဲနေရာ ကနေ ထွက်ခွါသွားပါတယ်။ ၂၅ရက်နေ့ရောက်တော့ နော်ရဲဝ် ရွာသားတဦး သူဆိုင်ကယ်ကို သွားယူတဲ့အခါ မိုင်းထိပြီး သေဆုံးခဲ့တယ်။ သေဆုံးသွားတဲ့ အနိုင်ယူန်းကို သွားကြည့်တယ်။ အဲတာ ကျနော်တို့ မိုင်း မဟုတ်ပါဘူး’’။

တအာင်းဒေသတွင် မြန်မာ့အစိုးရ စစ်တပ်နှင့် တအာင်းတပ်မတော်တို့သည် နေ့စဉ်နေ့တိုင်း တနေရာ မဟုတ် တနေရာ တိုက်ပွဲဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။ စစ်ပွဲကြောင့် တအာင်းလူထုများသည် ကြောက်လန့်နေကြပြီး သွားလာသည့်အခါတွင်သော်ကောင်း၊ အိမ်မှာနေသည့်အခါတွင် သော်လည်း ကောင်း လုံခြုံစိတ်ချမှု မရှိဘဲ စိုးရိမ်နေရသည်ဟု ပြောပြခဲ့ပါသည်။

မှတ်တမ်းနှင့် သုတေသနဌာန
ပလောင်အမျိုးသမီး အစည်းအရုံး

မူးယစ်ဆေးဝါးကြားက ဒုက္ခသံ
လစ်လျူရှု့ခံဘဝများ

PWO အကြောင်း

PWO-Logo

 ပလောင်အမျိုးသမီးအစည်းအရုံးကို အမျိုးသမီးများအား ပညာပေးရန်နှင့် စွမ်းရည်မြှင့်တင်ဆောင်ရွက်ပေးရန် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ပါသည်။ သို့မှသာလျှင် သူတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပိုမိုခိုင်မာစွာ ကျင့်သုံးလာနိုင်ပြီး လူမှုအဖွဲ့အစည်းအတွင်း တန်းတူရည်တူပါဝင်ဆောင်ရွက်လာနိုင်စေရန်ဖြစ်ပါသည်။

Read More...

နောက်ခံသမိုင်း

မွန်ဂိုလွိုက်လူမျိုးနွယ်ကြီး၏ မူရင်းဒေသမှ အာရှတိုက်တွင် အများဆုံးနေထိုင်ကြပြီး အထူးသဖြင့် အာရှတိုက် မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့၌ ပျံ့နှံ့နေထိုင်ကြသည်။ ထို့ကြောင့် ဗီယက်နမ်၊ ခမာ၊ မွန်၊ ဝ၊ ပလောင် (ရိအာန်) မုဏ္ဍ၊ ဆန်သာလ်၊ ခါဆီစသော လူမျိုးတို့သည် မွန်ခမာအနွယ်မှ ပေါက်ဖွားလာသော

Read More...

မိုင်းအိုက်ပန်း(ခ) ကိုမြမောင်

 မိုင်းအိုက်ပန်း(ခ) ကိုမြမောင်    ၁၉၆၂-၂ဝဝ၂ ၇၁ ဦးမြောက် အကျဉ်းထောင်အတွင်း သေဆုံးရသူနိုင်ငံရေးအကျဉ်းသားရဲဘော် မိုင်းအိုက်ပန်းသည် ၁၉၈၄ ခုနှစ်တွင် ပလောင်ပြည်နယ် လွတ်မြောက်ရေးပါတီ အဖွဲ့ဝင်တစ်ဦးအဖြစ် စတင် ပါဝင်လာခဲ့ပါသည်။ ၁၉၈၆ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး မာနယ်ပလောဌာနချူပ်ရှိ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ) ဗဟိုဌာနချူပ်ရုံးသို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးပါတီ၏ ကိုယ်စားလှယ်အဖြစ်စေလွှတ်ခြင်းခံခဲ့ရပါသည်။

Read more...