အစိုးရတပ်မတော်မှ စကားမပြောတက်သောမာန်အောင်ဒေသခံရွာသားတစ်ဦးအားရိုက်နှက်ခြင်း

Print
Category: News
Published Date
Written by Admin Hits: 180

ရှမ်းပြည်နယ်မြောက်ပိုင်း ၊  မူဆယ်ခရိုင် ၊ နမ့်ခမ်းမြို့နယ် ၊ မန်အောင်ကျေးရွာတွင်လှုပ်ရှားနေသောအစိုး ရတပ်မတော် တပ်မတော်၊ တပ်မ(၈၈) လက်အောက်ခံတပ်ရင်း ခလရ (၃၁၇) ဗိုလ်ကြီးရဲဝင်းဦးဆောင်သော အဖွဲ့မှ စကားမပြောတက်သောမာန်အောင်ရွာသားတစ်ဦး မိုင်းအိုက်လင်း (ခ)အိုက်ကျေုခ်ျ့ ကို ၂၀၁၅ ၊ ဖေဖော်ဝါရီ (၁၇ ) ရက်နေ့ နံနက် (၇) နာရီချိန်တွင်သေ နတ်ဖြင့်ခြေထောက်ကိုရိုက်ခဲ့သည်ဟုသတင်းရရှိသည်။

ရွာခံတစ်ဦး၏ပြောပြချက်အရ “  သူက သူတို့အိမ်ကကျွဲကို ကျောင်းတာ။ မနက်ဆိုရွာအနီးအနား မှာကျွဲတွေ မြက်စားဖို့သွားလွှတ်တယ်။ (၁၇) ရက်နေ့မနက်ကတော့ သူကျွဲသွားလွှတ်ပြီး ပြန်လာတဲ့အချိန်ကျတော့ အစိုးရစစ်တပ်တွေက သူ့ကို လမ်းမှာတွေ့တော့ သူ့ နဲ့ စကားပြော ၊ မေးမြန်းနေတဲ့အချိန်မှာ သူဘာမှမပြောဘူး။ သူစကားမှမပြောတတ်တာ။ စစ်သားတွေဘာဘဲမေးမေးသူမဖြေတတ်တဲ့အခါကျတော့ စစ်သားတွေက သေနတ်နဲ့ သူ့ဘယ်ခြေထောက်ကို ထုလိုက်တယ်။ နှစ်ခါ ၊ သုံးခါရိုက်တယ်။စစ်သားတွေက သူ့ကိုရိုက်လည်း သူဘာမှမပြောတက်ဘူး။ မာန်အောင်အုပ်ချုပ်ရေးမှူး ရောက်လာမှ အဲ့ရွာသားက သူစကားမပြောတက်ဘူး လို့သူ့ကိုရိုက်တဲ့စစ်သားတွေဆီရှင်းပြတယ်။ အဲချိန်ကျမှမရိုက်တော့တာ။ ရွာနဲ့တောင်အလှမ်းမဝေးဘူး သူကျွဲ လွှတ်တဲ့နေရာက ရွာနဲ့ဆို (၁) ဖာလုံလောက်ဘဲရှိတယ်။ အုပ်ချုပ်ရေးမှူးသာ မရောက်ဘူး ဆိုရင်သူဆက် အရိုက်ခံရအုံးမယ်” လို့ ပြောပြသည်။

ထို့ပြင်ယခုရက်ပိုင်းအတွင်းတွင် ဆာလုရွာ၊ မာန်အောင်ရွာ ၊ ဖဒဲန်ရွာ များမှာ အစိုးရ စစ်တပ်၊ တပ်မ (၈၈) အရမ်းသွားလာလှုပ်ရှားနေပြီး ရွာသူရွာသားများက အလုပ်ကိုင်သွားလုပ်ရာတွင် အနှောက်အ ယှက်ဖြစ်ကာ မလိုလားအပ်သည့်ပြသနာကိုလည်းဖြစ်လာမည်ကိုစိုးရိမ်နေရသည်”ဟု ကြားသိရပါသည်။

ဒေသခံရွာသားတစ်ဦး၏ ပြောပြချက်အရ “ အခု စစ်သားတွေ ရွာအနီးအနားမှာ လှုပ်ရှားတော့ အလုပ်လုပ်ရတဲ့  ပြည်သူတွေအတွက် အနှောက်အယှက်ဖြစ်တယ်။   ပြည်သူတွေအလုပ်သွားရတာစိတ်မဖြောင့်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ပြည်သူတွေ လမ်းမှာဘဲဖြစ်ဖြစ် ၊ တောမှာဘဲဖြစ်ဖြစ် တွေ့ရင် စစ်မယ်၊ မေးမယ်။  ကိုယ်မသိရင် ၊ စကားတွေမတက်ရင်တစ်ခုခုလုပ်မှာကြောက်တယ်။ ကျတော်ကတော့ ပြည်သူတွေမထိဖို့၊ ဒုက္ခမပေးဖို့ဘဲ တောင်းဆိုချင်တယ်” လို့ပြောဆိုသည်။

သတင်းမှတ်တမ်းနှင့်သုတေသနဌာန
ပလောင်အမျိုးသမီးအစည်းအရုံး

မူးယစ်ဆေးဝါးကြားက ဒုက္ခသံ
လစ်လျူရှု့ခံဘဝများ

PWO အကြောင်း

PWO-Logo

 ပလောင်အမျိုးသမီးအစည်းအရုံးကို အမျိုးသမီးများအား ပညာပေးရန်နှင့် စွမ်းရည်မြှင့်တင်ဆောင်ရွက်ပေးရန် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ပါသည်။ သို့မှသာလျှင် သူတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပိုမိုခိုင်မာစွာ ကျင့်သုံးလာနိုင်ပြီး လူမှုအဖွဲ့အစည်းအတွင်း တန်းတူရည်တူပါဝင်ဆောင်ရွက်လာနိုင်စေရန်ဖြစ်ပါသည်။

Read More...

နောက်ခံသမိုင်း

မွန်ဂိုလွိုက်လူမျိုးနွယ်ကြီး၏ မူရင်းဒေသမှ အာရှတိုက်တွင် အများဆုံးနေထိုင်ကြပြီး အထူးသဖြင့် အာရှတိုက် မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့၌ ပျံ့နှံ့နေထိုင်ကြသည်။ ထို့ကြောင့် ဗီယက်နမ်၊ ခမာ၊ မွန်၊ ဝ၊ ပလောင် (ရိအာန်) မုဏ္ဍ၊ ဆန်သာလ်၊ ခါဆီစသော လူမျိုးတို့သည် မွန်ခမာအနွယ်မှ ပေါက်ဖွားလာသော

Read More...

မိုင်းအိုက်ပန်း(ခ) ကိုမြမောင်

 မိုင်းအိုက်ပန်း(ခ) ကိုမြမောင်    ၁၉၆၂-၂ဝဝ၂ ၇၁ ဦးမြောက် အကျဉ်းထောင်အတွင်း သေဆုံးရသူနိုင်ငံရေးအကျဉ်းသားရဲဘော် မိုင်းအိုက်ပန်းသည် ၁၉၈၄ ခုနှစ်တွင် ပလောင်ပြည်နယ် လွတ်မြောက်ရေးပါတီ အဖွဲ့ဝင်တစ်ဦးအဖြစ် စတင် ပါဝင်လာခဲ့ပါသည်။ ၁၉၈၆ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး မာနယ်ပလောဌာနချူပ်ရှိ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ) ဗဟိုဌာနချူပ်ရုံးသို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးပါတီ၏ ကိုယ်စားလှယ်အဖြစ်စေလွှတ်ခြင်းခံခဲ့ရပါသည်။

Read more...