တအာင်းဒေသတွင် အစိုးရတပ်များဆုတ်ခွာခြင်း မရှိသည့်အပြင်စစ်အင်အားထပ်မံတိုးချဲ့မှုကြောင့် ငြိမ်းချမ်းရေး အလှမ်းဝေးနေ

Print
Category: News
Published Date
Written by Admin Hits: 212

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင် ၊ နမ့်ခမ်းမြို့နယ် တအာင်း(ပလောင်)နေထိုင်သော ဒေသတွင် ၂၀၁၄ - ၂၀၁၅ အတွင်း အစိုးရတပ်များ တစ်နှစ်ပြီးတစ်နှစ်တိုးချဲ့နေရာယူပြီး လာရောက်နေထိုင်သော စစ်သားများလည်း အရင်ကထက် ပိုမိုများလာသည်။

နမ့်ခမ်း - နမ့်ဖတ်ကာသွားသည့် လမ်းတလျှောက်တွင် အစိုးရတပ်နှင့်  ပြည်သူ့စစ်တွေတပ်ချ နေရာယူသည်ကို တွေ့ရသည်။ နမ့်ခမ်းမြို့အထွက်မှာ စခန်းသစ် စစ်တပ်ကုန်းရှိပြီး ဆာလုကျေးရွာအုပ်စု ကြူစိုင်းရွာ  နောခမ်ကော်တောင်ကုန်းတွင် တပ်မ (၈၈)ထပ်မံ အခြေချနေရာယူထားပါသည်။ စခန်းသစ်တပ်စခန်း အခြေစိုက်သည့်နေရာနှင့် နောက်စခန်းတစ်ခု အခြေချသည့် ကြူစိုင်းကျေးရွာ နောခမ်းကောတောင်းကုန်းတွင် အကွာအဝေး(၃)မိုင်သာ ရှိသည်။

ထို့ပြင် မန်အောင်ပြည်သူ့စစ်စခန်းတွင်လည်း ပုံမှန်အားဖြင့် ၀င်လိုက်ထွက်လိုက်လုပ်ကာ တစ်ခါတစ်ရံ  ပြည်သူ့စစ် စခန်းမှာအမြဲတမ်း စောင့်နေခဲ့သည်။ မန်အောင်နှင့် ဖဒဲန်ရွာ ကျော်သွားပြီး (၁၂)မိုင်ရောက်လျှင် ပြည်သူ့စစ်နှင့် စစ်သားများ ခြေချနေရာယူထားသည်ကိုလည်း တွေ့ရသည်။

ဒေသခံ၏ပြောပြချက်အရ “  ငြိမ်းချမ်းရေးဆွေးနွေးတယ်လို့လည်း ပြောတယ်။ စစ်သားတွေတိုးလာပြီး အခြေချ နေထိုင်တာ အရင်ကထက်များပြားလာတယ်။ ကြည့်မယ်ဆိုရင် အခြေအနေက ပိုဆိုးလာမယ့် သဘောရှိတယ်။ ဘာဖြစ်လဲဆိုတော့  အရင်တုန်းကဆိုရင် နောခမ်းကောကုန်းမှာ တပ်စခန်းမရှိဘူး။ အခုလောလောဆယ် တပ်မ (၈၈)ကအခြေချ နေရာယူထားပြီး စစ်သားတွေလည်း ပိုများလာတာကို တွေ့ရတယ်။ ပြီးရင်(၁၂) မိုင်မှာ စစ်သားတွေ အပြည့်စောင့်နေတယ်။ ကားလမ်းဟိုဘက်ဒီဘက်ကို အခြချနေရာယူထားတယ်။ မနေ့မှဘဲ နမ့်ဖတ်ကာမှာ တိုက်ပွဲဖြစ်လို့ အစိုးရတပ်စခန်းအတွင်းမှာ ဗုံးပေါက်တယ် ဘယ်ကနေပစ်လဲဆိုတာမသိဘူး တပ်စခန်းအတွင်း စစ်သားတွေကလည်း တပ်အပြင်ဘက် တောထဲကို ရမ်းပစ်ခဲ့တယ်။ တော်သေးလို့ ပြည်သူလူထုတွေကို မထိဘူး။ မထိလည်း ကြောက်နေရတယ်။ စိုးရိမ်နေရတယ်။ လွယ်ခွမ်ဘက်က သစ်တောတွေ ထူးထပ်တော့ အဲဖက်ကို ပိုပစ်တယ်” လို့ပြောဆိုသည်။

လွန်ခဲ့သည့် (၁၄)ရက် မေလတွင် ကွတ်ခိုင်မှာ အစိုးရတပ်မတော်နှင့် တအာင်းလွတ်မြောက်ရေးတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားကာ ပန်ဆေးဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။ ထွက်ပြေးလာသောဒေသ ခံပြည်သူတွေက တအာင်းစာပေနှင့်ယဉ်ကျေးမှုခန်းမမှာ ခေတ္တခဏ နားခိုခဲ့သည်။ အချို့မှာအမျိုးအိမ် နှင့်အသိအိမ်မှာ တည်းခိုခဲ့သည်။ တှိုးချဲ့နေသည့်တပ်အသစ်နှင့် စစ်တပ်အင်အားတိုးချဲ့မှုရပ်တန့်မှု နှင့် ဆုတ်ခွာမှုမပြုလုပ်လျှင်ငြိမ်းချမ်းရေးအလှမ်းဝေးကာ တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး ဒေသခံပြည်သူ၏ လုံခြုံမှုကို စိုးရိမ်နေရသည်။

သတင်းမှတ်တမ်းနှင့် သုတေသနဌာန
ပလောင်အမျိုးသမီး အစည်းအရုံး

မူးယစ်ဆေးဝါးကြားက ဒုက္ခသံ
လစ်လျူရှု့ခံဘဝများ

PWO အကြောင်း

PWO-Logo

 ပလောင်အမျိုးသမီးအစည်းအရုံးကို အမျိုးသမီးများအား ပညာပေးရန်နှင့် စွမ်းရည်မြှင့်တင်ဆောင်ရွက်ပေးရန် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ပါသည်။ သို့မှသာလျှင် သူတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပိုမိုခိုင်မာစွာ ကျင့်သုံးလာနိုင်ပြီး လူမှုအဖွဲ့အစည်းအတွင်း တန်းတူရည်တူပါဝင်ဆောင်ရွက်လာနိုင်စေရန်ဖြစ်ပါသည်။

Read More...

နောက်ခံသမိုင်း

မွန်ဂိုလွိုက်လူမျိုးနွယ်ကြီး၏ မူရင်းဒေသမှ အာရှတိုက်တွင် အများဆုံးနေထိုင်ကြပြီး အထူးသဖြင့် အာရှတိုက် မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့၌ ပျံ့နှံ့နေထိုင်ကြသည်။ ထို့ကြောင့် ဗီယက်နမ်၊ ခမာ၊ မွန်၊ ဝ၊ ပလောင် (ရိအာန်) မုဏ္ဍ၊ ဆန်သာလ်၊ ခါဆီစသော လူမျိုးတို့သည် မွန်ခမာအနွယ်မှ ပေါက်ဖွားလာသော

Read More...

မိုင်းအိုက်ပန်း(ခ) ကိုမြမောင်

 မိုင်းအိုက်ပန်း(ခ) ကိုမြမောင်    ၁၉၆၂-၂ဝဝ၂ ၇၁ ဦးမြောက် အကျဉ်းထောင်အတွင်း သေဆုံးရသူနိုင်ငံရေးအကျဉ်းသားရဲဘော် မိုင်းအိုက်ပန်းသည် ၁၉၈၄ ခုနှစ်တွင် ပလောင်ပြည်နယ် လွတ်မြောက်ရေးပါတီ အဖွဲ့ဝင်တစ်ဦးအဖြစ် စတင် ပါဝင်လာခဲ့ပါသည်။ ၁၉၈၆ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး မာနယ်ပလောဌာနချူပ်ရှိ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ) ဗဟိုဌာနချူပ်ရုံးသို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးပါတီ၏ ကိုယ်စားလှယ်အဖြစ်စေလွှတ်ခြင်းခံခဲ့ရပါသည်။

Read more...