KIA မှ တာမိုးညဲဒေသတွင် စစ်သားအသစ်ကောက်ယူခြင်းအပေါ် ဒေသခံပြည်သူများရဲ့ အမြင်

Print
Category: News
Published Date
Written by Admin Hits: 146

 ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲရှိ တအာင်းကျေးရွာတွင် နေထိုင်သောရွာသားများကို ဦးနော်ခေ ဦးဆောင်သော KIA တပ်မှ မေလ ၂၃ရက် ၂၀၁၅ ခုနှစ် စနေနေ့ ည ၁၁ နာရီအချိန်တွင် ရွာသူရွာသားများ သဘောတူညီမှုမရှိဘဲ စစ်သားအသစ် ကောက်ယူစုဆောင်းနေသည်ဟု သိရသည်။

ဒေသခံများပြောပြချက်အရ “KIAတွေက ရွာကိုလာပြီးတော့ အခုလိုအတင်းအဓမ္မ ဖမ်းဆီးပြီး စစ်သားကောက်တာ ကျတော်တို့ ရွာသားအနေနဲ့ နည်းနည်းမှ သဘောမတူဘူး၊ ပြီးတော့ နောင်ဆိုင်ရွာမှာ တအာင်းလူမျိုးနဲ့တရုတ်လူမျိုး အများဆုံးနေထိုင်ပြီး တအာင်း (ပလောင်)လူမျိုးကိုဘဲ ရွေးပြီးကောက်နေတယ်၊ တရုတ် လူမျိုးတွေကိုကျတော့ ချန်ထားတယ်၊  တရုတ်တွေကို ဘာကြောင့် မဖမ်းတာလဲ မကောက်ယူတာလဲ၊ ဒီလိုလုပ်ရပ်တွေက မတရားဘူး၊ လူ့အခွင့်အရေးချိုးဖောက်တယ်လို့ ကျတော်တို့ မြင်တယ် ” ဟုပြောသည်။

ထိုစစ်သားများသည် တရုတ်လူမျိုးတွေကို ချန်ထားပြီးတအာင်း (ပလောင်) လူမျိုးကိုသာ ဖမ်းဆီးခေါ်ဆောင်သွားသောကြောင့် လူမျိုးတစ်မျိုးအပေါ်မှာ တရားမျှတမှု မရှိဘဲ နှိပ်စက် အနိုင်ကျင့်နေသည် ဟု ဒေသခံတစ်ဦးမှ သုံးသပ်လိုက်သည်။

“ အဲဒီညမှ သူတို့ရွာထဲဝင်လာတယ်၊ ပြီးတော့ လူနေအိမ်ပေါ်က အိပ်ခန်းထဲအထိ ၀င်ပြီးရှာဖွေမွှေနှောက်တယ်၊ အိပ်ခန်းထဲရှိ သေတ္တာတွေကိုလည်း ဒိုင်းဒိုင်းဒုန်းဒုန်း ပြုလုပ်နေ ကြတယ်၊ ဒီလိုလုပ် ရပ်တွေကို ကြည့်ခြင်းအားဖြင့် တအာင်း(ပလောင်) တိုင်းရင်းသားအပေါ်မှာအထင်သေးပြီး နှိပ်စက်အနိုင်ကျင့်တဲ့သဘော ဘဲ၊ ပြီးတော့ ရွာသား(၁၁)ယောက်ကို ဖမ်းသွားပြီးတော့ လူစားလဲဖို့လည်း ပြောသွားသေးတယ်၊ အဲဒီဖမ်းခံရတဲ့သူတွေထဲမှာ ရွာသူကြီးနှင့် ကျောင်းကော်မတီ လည်းပါတယ် ၊ အဆိုးဆုံး ကကျောင်းကော်မတီ ဖမ်းတဲ့ကိစ္စ ဘဲ ကျောင်းကော်မတီဆိုတာ ကလေးတွေရဲ့ပညာရေးအတွက် အလုပ်လုပ်ပေးတဲ့သူ၊ ဒီလိုလုပ်တာ က တအာင်း(ပလောင်)တွေကို ပညာမတတ်စေချင်တာလား၊ ပြီးတော့ လူမျိုးကြီး က လူမျိုးငယ်စုတွေပေါ် ညှင်းပန်းနှိပ်စက်တဲ့ သဘောလား” ဟု ဒေသခံတဦး မှ ထပ်မံပြောသည်။

ထို့ပြင် ၎င်း KIA စစ်တပ်အဖွဲ့တို့သည် မုံးယုနှင့် ဟိုလာကျေးရွာရှိ အခြားတိုင်းရင်းသားပါတီများမှ ချိတ်ထားသော ဆိုင်းဘုတ်များတွေကို လိုက်လံဖြုတ်ပြစ်ပြီး ကချင်ပါတီ၏ ဆိုင်းဘုတ် ကိုသာ ချန်ထားသောကြောင့် သူတို့ကို နားမလည်နိုင်တော့ဘူး”  ဟု ဒေသခံရွာသားများမှ သုံးသပ်လိုက်သည်။

သတင်းမှတ်တမ်းနှင့် သုသေတန
ပလောင်အမျိုးသမီးအစည်းအရုံး

 

မူးယစ်ဆေးဝါးကြားက ဒုက္ခသံ
လစ်လျူရှု့ခံဘဝများ

PWO အကြောင်း

PWO-Logo

 ပလောင်အမျိုးသမီးအစည်းအရုံးကို အမျိုးသမီးများအား ပညာပေးရန်နှင့် စွမ်းရည်မြှင့်တင်ဆောင်ရွက်ပေးရန် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ပါသည်။ သို့မှသာလျှင် သူတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပိုမိုခိုင်မာစွာ ကျင့်သုံးလာနိုင်ပြီး လူမှုအဖွဲ့အစည်းအတွင်း တန်းတူရည်တူပါဝင်ဆောင်ရွက်လာနိုင်စေရန်ဖြစ်ပါသည်။

Read More...

နောက်ခံသမိုင်း

မွန်ဂိုလွိုက်လူမျိုးနွယ်ကြီး၏ မူရင်းဒေသမှ အာရှတိုက်တွင် အများဆုံးနေထိုင်ကြပြီး အထူးသဖြင့် အာရှတိုက် မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့၌ ပျံ့နှံ့နေထိုင်ကြသည်။ ထို့ကြောင့် ဗီယက်နမ်၊ ခမာ၊ မွန်၊ ဝ၊ ပလောင် (ရိအာန်) မုဏ္ဍ၊ ဆန်သာလ်၊ ခါဆီစသော လူမျိုးတို့သည် မွန်ခမာအနွယ်မှ ပေါက်ဖွားလာသော

Read More...

မိုင်းအိုက်ပန်း(ခ) ကိုမြမောင်

 မိုင်းအိုက်ပန်း(ခ) ကိုမြမောင်    ၁၉၆၂-၂ဝဝ၂ ၇၁ ဦးမြောက် အကျဉ်းထောင်အတွင်း သေဆုံးရသူနိုင်ငံရေးအကျဉ်းသားရဲဘော် မိုင်းအိုက်ပန်းသည် ၁၉၈၄ ခုနှစ်တွင် ပလောင်ပြည်နယ် လွတ်မြောက်ရေးပါတီ အဖွဲ့ဝင်တစ်ဦးအဖြစ် စတင် ပါဝင်လာခဲ့ပါသည်။ ၁၉၈၆ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး မာနယ်ပလောဌာနချူပ်ရှိ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ) ဗဟိုဌာနချူပ်ရုံးသို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးပါတီ၏ ကိုယ်စားလှယ်အဖြစ်စေလွှတ်ခြင်းခံခဲ့ရပါသည်။

Read more...