တအာင်းဒေသတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် တအာင်းဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေရ

Print
Category: News
Published Date
Written by Admin Hits: 238

ရှမ်းပြည်နယ်မြောက်ပိုင်း၊မန်တုံမြို့နယ်၊မန်ဟောင်အုပ်စု၊ပန်ကန်းရွာတွင်မြန်မာတပ်မတော် တပ်မ(၉၉) နှင့်တအာင်းတပ်မတော် တပ်ရင်း(၉၉၉)တို့ဇွန်လ၂၆ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းဒေသခံ များ ရွာမှာမနေရဲသဖြင့် နမ္မတူမြို့သို့ ထွက်ပြေးတိမ်းရှောင်ကြသည်။တိုက်ပွဲဖြစ်ချိန်တွင် ရွာသားတချို့သေပြီး ပျောက်ဆုံးနေသူလည်း ရှိသည်ဟု သိရသည်။ ထွက်ပြေးသော ရွာခံများကို မြန်မာ့တပ်မတော်မှ စာရေးပြီး ပြန်ခေါ်သည်ဟုလည်း သိရှိရသည်။ တိုက်ပွဲအပြီး ဘုန်းကြီးကျောင်း တခြမ်းပျက်ပြီး ကျောင်းဆရာမအိမ်အပါအ၀င် ရွာခံအိမ်၃အိမ်လည်း ပျက်စီးသည်ဟု သိရသည်။

 ဒေသခံတဦးပြောပြချက်အရ “တိုက်ပွဲဖြစ်တော့ တားအိုက်ခမ်းက ဖျားနေတဲ့သူ့ကလေးကိုကျောပိုးပြီး ပြေးလွှားနေရတယ် ကလေးကိုဂရုမစိုက်နိုင်ဘူး၊ စစ်ပွဲမပြီးခင်မှာပဲ ကလေးကသေသွားတယ်။ တိုက်ပွဲပြီးတော့လည်း မြန်မာ့တပ်မတော်ဘက်ကစစ်သားတွေ ရွာထဲအများကြီးရောက်လာပြီး အိမ်တိုင်းလိုက်လံမွှေတယ်စစ်ဆေးမေးမြန်းမှုတွေလုပ်တယ်ဆိုလာပြားတွေလည်းဖြုတ်ပစ်တယ်၊ ရွာမှာရှိတဲ့ ကြက်တွေ၊ဈေးဆိုင်က ရောင်းတဲ့ စားစရာတွေလည်း ခွင့်မတောင်းဘဲ စားဖို့ယူသွားတယ် ဒါကြောင့် ရွာမှာမနေ ရဲကြတော့ဘဲ ရွာကနေထွက်ပြေးကုန်တယ်” ဟု ပြောကြားသည်။

 နမ္မတူမြို့နယ် ပုဗ္ဗာရုံဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင် ဒုက္ခသည်၆၀ကျော် လေးရက်ကြာ ခုံလှုံကြသည်။ အနီးတ၀ိုက်ရွာသို့ ထွက်ပြေးတိမ်းရှောင်သူများလည်း ၅၀ကျော်ရှိပြီးနောက်ထပ်ရောက်လာရန်ရှိသည်ဟုသိရသည်။စစ်ဘေးရှောင်များအတွက်လိုက်လံကူညီပေးသူတစ်ဦး၏ပြောပြချက်အရ “ ပန်ကန်းရွာက တောင်ယာလုပ်တဲ့သူတွေ ထွက်ပြေးလာကြတာများတယ်။ တစုတစည်းတည်း ထွက်ပြေးလာကြ တာမဟုတ်ဘဲနဲ့ တချို့က မိုင်းမော်ဘက်၊ မန်ကန်ဘက် ထွက်ပြေးကြတယ်။ တချို့ကတော့ ကိုယ့်အမျိုးအိမ်ရှိရာ ခိုလှုံကြတယ်” ဟု ပြောကြားသည်။

“ဘုန်းကြီးကျောင်းမှာ ရောက်လာတဲ့သူတွေကိုတော့ စားဝတ်နေရေးအတွက် ဆန်တွေလိုက်လံ ကောက်ပေးတယ်။ တချို့ကလည်း အ၀တ်တွေလာဝေတယ် နောက်နှစ်ရက်လောက်ထိတော့ စားလောက်မယ် သူတို့ဘယ်လောက် ကြာကြာနေရအုံးမလဲတော့မသိဘူး ကြာရင်တော့ သူတို့တွေ အကူအညီလိုမှာသေချာတယ်” ဟု ကူညီဆောင်ရွက်သူတစ်ဦး ဆက်လက်ပြောကြားခဲ့သည်။မန်တုံမြို့နယ်၊ မန်ကန်းရွာအနီးတ၀ိုက်တွင် တပ်မ၇၇၊ တပ်မ၈၈၊ တပ်မ၉၉  ကွတ်ခိုင်ခရိုင်မှ တပ်ရင်း၂၄၁၊ နမ့်ဖက်ကာ တပ်ရင်း ၁၂၃၊ မန်တုံ တပ်ရင်း ၁၃၀၊ နမ္မတူမှတပ်ရင်း၃၂၄တပ်များလှုပ်ရှားနေပြီးထပ်မံတိုးချဲ့နေသဖြင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်သည့် အလားအလာရှိသည်ဟှု သတင်းရရှိသည်။

သတင်းမှတ်တမ်းနှင့် သုတေသနဌာန
ပလောင်အမျိုးသမီး အစည်းအရုံး

 
မူးယစ်ဆေးဝါးကြားက ဒုက္ခသံ
လစ်လျူရှု့ခံဘဝများ

PWO အကြောင်း

PWO-Logo

 ပလောင်အမျိုးသမီးအစည်းအရုံးကို အမျိုးသမီးများအား ပညာပေးရန်နှင့် စွမ်းရည်မြှင့်တင်ဆောင်ရွက်ပေးရန် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ပါသည်။ သို့မှသာလျှင် သူတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပိုမိုခိုင်မာစွာ ကျင့်သုံးလာနိုင်ပြီး လူမှုအဖွဲ့အစည်းအတွင်း တန်းတူရည်တူပါဝင်ဆောင်ရွက်လာနိုင်စေရန်ဖြစ်ပါသည်။

Read More...

နောက်ခံသမိုင်း

မွန်ဂိုလွိုက်လူမျိုးနွယ်ကြီး၏ မူရင်းဒေသမှ အာရှတိုက်တွင် အများဆုံးနေထိုင်ကြပြီး အထူးသဖြင့် အာရှတိုက် မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့၌ ပျံ့နှံ့နေထိုင်ကြသည်။ ထို့ကြောင့် ဗီယက်နမ်၊ ခမာ၊ မွန်၊ ဝ၊ ပလောင် (ရိအာန်) မုဏ္ဍ၊ ဆန်သာလ်၊ ခါဆီစသော လူမျိုးတို့သည် မွန်ခမာအနွယ်မှ ပေါက်ဖွားလာသော

Read More...

မိုင်းအိုက်ပန်း(ခ) ကိုမြမောင်

 မိုင်းအိုက်ပန်း(ခ) ကိုမြမောင်    ၁၉၆၂-၂ဝဝ၂ ၇၁ ဦးမြောက် အကျဉ်းထောင်အတွင်း သေဆုံးရသူနိုင်ငံရေးအကျဉ်းသားရဲဘော် မိုင်းအိုက်ပန်းသည် ၁၉၈၄ ခုနှစ်တွင် ပလောင်ပြည်နယ် လွတ်မြောက်ရေးပါတီ အဖွဲ့ဝင်တစ်ဦးအဖြစ် စတင် ပါဝင်လာခဲ့ပါသည်။ ၁၉၈၆ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး မာနယ်ပလောဌာနချူပ်ရှိ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ) ဗဟိုဌာနချူပ်ရုံးသို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးပါတီ၏ ကိုယ်စားလှယ်အဖြစ်စေလွှတ်ခြင်းခံခဲ့ရပါသည်။

Read more...