အသက်မပြည့်သေးသော ၁၂နှစ်အရွယ်မိန်းကလေးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာစော်ကားကျူးလွန်ခံရ

Print
Category: News
Published Date
Written by Admin Hits: 309

 ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးခရိုင်၊တန့်ယန်းမြို့နယ်တွင်၁၂နှစ်အရွယ်မိန်းကလေးငယ်ကို၂၉နှစ်အရွယ်ရှိအိမ်နီးချင်း

အမျိုးသားတစ်ဦးကဇူလိုင်၎ရက်နေ့မနက်၉နာရီဝန်းကျင်အချိန် လက်ဖက်ရည်ဆိုင်၏မီးဖိုချောင်တွင် အဓမ္မပြုကျင့်ခဲ့သည်။

လွေးအေသည်လွယ်ပန်ရွာမှတန့်ယန်းမြို့ပေါ်သို့မိသားစုအခက်အခဲကြောင့်တရုတ်အိမ်တွင်အိမ်ဖော်အဖြစ်အလုပ်လုပ်နေခဲ့သည်။

သူမအလုပ်လုပ်သည့်အိမ်၏မျက်နှာချင်းဆိုင်တွင် ဖွင့်ထားသည့်လက်ဖက်ရည်ဆိုင်ကောင်တာ၌အလုပ်လုပ်နေသည့်မောင်နိုင်လင်းဦး၏ အဓမ္မပြုကျင့်ခြင်းကို ခံခဲ့ရသည်။

ရွာခံတစ်ဦး၏ပြောပြချက်အရ “ကလေးမလေးကို အဓမ္မပြုကျင့်ဖို့ ဆွဲလားရမ်းလား လုပ်နေတဲ့အချိန်မှာဘဲ သူမအလုပ်ရှင်က ဖမ်းမိသွားတယ်။ မင်းဘာလုပ်နေတာလဲလို့ မေးတဲ့အခါ သူကကောင်မလေးကို စနေတာလို့ပြောတယ်” ဟု ပြောပြသည်။

မောင်နိုင်လင်းဦးသည် လွေးအေကို ကြက်သွန်စိုက်ခင်းတွင် သူမကြက်သွန်စိုက်နေချိန် သူအလုပ်လုပ်သည့် လက်ဖက်ရည်ဆိုင်၏မီးဖိုချောင်ဘက်သို့လွေးယေကိုအတင်းဆွဲခေါ်ပြီး အဓမ္မပြုကျင့်ခဲ့သည်။ နောက်ထပ် တစ်ကြိမ်ထပ်မံ ကျူးလွန်ရန် ကြိုးစားနေချိန်တွင် လွေးအေ၏ အလုပ်ရှင်တရုတ်ကြီး တွေ့သဖြင့် တန့်ယန်းရဲစခန်းသို့အမှုဖွင့်တိုင်ကြားခဲ့သည်။

“အခု နိုင်လင်းဦးကိုရဲစခန်းမှာပို့ထားတယ်ခုချိန်ထိမ၀န်ခံသေးဘူး”ဟု ဒေသခံတစ်ဦးမှထပ်မံပြောကြားသည်။

နိုင်လင်းဦးသည်အောက်ဗမာပြည်မှလာရောက်အလုပ်လုပ်ကိုင်သူဖြစ် သည်ဟုဒေသခံများထံမှ သိရှိရသည်။

ယခုလိုအသက်မပြည့်သေးသည့်မိန်းကလေးငယ်များကိုလိင်ပိုင်းဆိုင်ရာကျူးလွန် စော်ကားမှုသည်အင်မတန်မှလူသားမဆန်သည့်

လုပ်ရပ်ဖြစ်ပြီး နောက်ထပ်ကျူးလွန်မှုမရှိလေအောင် အပြစ်ကျူးလွန်သူကို ၄င်းအပြစ်အတိုင်းကျခံစေရန် ၀ိုင်းဝန်းဆောင်ရွက်ရမည်ဟုဒေသခံများက သုံးသပ်ပြောဆိုသည်။

သတင်းမှတ်တမ်းနှင့် သုတေသနဌာန
ပလောင်အမျိုးသမီး အစည်းအရုံး

မူးယစ်ဆေးဝါးကြားက ဒုက္ခသံ
လစ်လျူရှု့ခံဘဝများ

PWO အကြောင်း

PWO-Logo

 ပလောင်အမျိုးသမီးအစည်းအရုံးကို အမျိုးသမီးများအား ပညာပေးရန်နှင့် စွမ်းရည်မြှင့်တင်ဆောင်ရွက်ပေးရန် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ပါသည်။ သို့မှသာလျှင် သူတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပိုမိုခိုင်မာစွာ ကျင့်သုံးလာနိုင်ပြီး လူမှုအဖွဲ့အစည်းအတွင်း တန်းတူရည်တူပါဝင်ဆောင်ရွက်လာနိုင်စေရန်ဖြစ်ပါသည်။

Read More...

နောက်ခံသမိုင်း

မွန်ဂိုလွိုက်လူမျိုးနွယ်ကြီး၏ မူရင်းဒေသမှ အာရှတိုက်တွင် အများဆုံးနေထိုင်ကြပြီး အထူးသဖြင့် အာရှတိုက် မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့၌ ပျံ့နှံ့နေထိုင်ကြသည်။ ထို့ကြောင့် ဗီယက်နမ်၊ ခမာ၊ မွန်၊ ဝ၊ ပလောင် (ရိအာန်) မုဏ္ဍ၊ ဆန်သာလ်၊ ခါဆီစသော လူမျိုးတို့သည် မွန်ခမာအနွယ်မှ ပေါက်ဖွားလာသော

Read More...

မိုင်းအိုက်ပန်း(ခ) ကိုမြမောင်

 မိုင်းအိုက်ပန်း(ခ) ကိုမြမောင်    ၁၉၆၂-၂ဝဝ၂ ၇၁ ဦးမြောက် အကျဉ်းထောင်အတွင်း သေဆုံးရသူနိုင်ငံရေးအကျဉ်းသားရဲဘော် မိုင်းအိုက်ပန်းသည် ၁၉၈၄ ခုနှစ်တွင် ပလောင်ပြည်နယ် လွတ်မြောက်ရေးပါတီ အဖွဲ့ဝင်တစ်ဦးအဖြစ် စတင် ပါဝင်လာခဲ့ပါသည်။ ၁၉၈၆ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး မာနယ်ပလောဌာနချူပ်ရှိ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ) ဗဟိုဌာနချူပ်ရုံးသို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးပါတီ၏ ကိုယ်စားလှယ်အဖြစ်စေလွှတ်ခြင်းခံခဲ့ရပါသည်။

Read more...