လက်ဖက်ခြံ သွားရာမှ နမ့်ဆန်မြို့နယ် မိုးဂဲလ်ရပ်ကွက်နေ ရွာသား တစ်ဦးမှ အစိုးရတပ်မတော် ထောင်ထားသော မိုင်းနင်းမိပြီး ခြေထောက်တဖက် ထိခိုက်ပျက်ဆီး

Print
Category: News
Published Date
Written by Admin Hits: 39

 

ဇန်န၀ါရီလ ၁၇ ရက် ၂၀၁၇ ခုနှစ်

ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ မိုးဂဲလ်ရပ်ကွက်နေ ဦးဇော်ညွန့်သည် လက်ဖက်ခြံသွားပြီး အပြန် ဇန်န၀ါရီ ၁၆ ရက်နေ့၊ ၂၀၁၇ ခုနှစ် နေ့လည် ၁၁း၃၀ ခန့်တွင် မိုင်းနင်းမိရာမှ ညာခြေထောက် တဖက်ထိခိုက်ကာ ပျက်ဆီး ဆုံးရှုံးသွားသည်။

 

ဦးဇော်ညွန့်ပြောချက်အရ “ ကျတော်တို့ လင်မယားနှစ်ယောက် ဆိုင်ကယ်နဲ့ လက်ဖက်ခြံသွားတာ၊ သွားတုန်းက ဘာမှ မဖြစ်ဘူး၊ နေ့လည် ထမင်းစားနားချိန်ရောက်တော့ ထမင်းစားဖို့ ၀ါးထမ်းပြီး ရှေ့ဆုံးကနေ သွားတာ၊ ကျတော့်မိန်းမက နောက်ကနေ လိုက်လာတာ၊ ထမ်းလာတဲ့ ၀ါးချပြီး ဆိုင်ကယ်ယူဖို့ သွားတဲ့ချိန်မှာ နင်းမိတာ၊ နင်းမိတာနဲ့ အိမ်ကလူတွေ လာကူညီပေးဖို့ ကျတော့်မိန်းမကို သွားခေါ်ခိုင်းတယ်၊ ဒါပေမဲ့ ကျတော် သွေးတွေ ပူထူပြီး လာကူမယ့်သူမစောင့်နိုင်တော့တာနဲ့ ကြိုးစားပြီး ကိုယ့်ဘာသာ ဆိုင်ကယ်မောင်းပြီး ပြန်လာတယ်

ကျနော် မိုင်းမထိခင် နှစ်ရက်လောက်မှာ အစိုးရတပ်မတော်က ကျနော်တို့ရွာကို ကြေငြာချက်ထုတ်တယ်၊ တောင်သုံးတောင်ကို သွားတဲ့လမ်းတွေတော့ သွားလို့မရဘူး၊ မိုင်းတွေမြှုပ်ထားတယ်၊ ဒါပေမဲ့ အခု ကျနော်တို့ သွားတဲ့လမ်း-မိုင်းနင်းမိတဲ့လမ်းမှာ မမြှုပ်ထားဘူးလို့ပြောတယ်၊ အဲဒါကြောင့်မို့ ကျနော်တို့ သွားတယ် ” ဟုပြောသည်။

ထို့အပြင် ဦးဇော်ညွန့် မိုင်းနင်းမိပြီး နမ့်ဆန်ဆေးရုံတက်နေစဉ် နမ့်ဆန်အခြေစိုက် မြန်မာ့တပ်မတော်မှ လာရောက် ကြည့်ရှု့ကာ ထိုမိုင်းသည် ၎င်းတို့ မြှုပ်ထားသည့် မိုင်းမဟုတ်ကြောင်း ပြောသည်။ သို့သော် ဦးဇော်ညွန့်၏ ဇနီးမှ ထိုမိုင်းသည် မည့်သည့်အဖွဲ့မှ မြှုပ်ထားသည့် မိုင်းဆိုတာ သိရှိနိုင်ရန်အတွက် ရွာလူကြီးနှင့် တကွ သွားရောက်ကြည့်ရှု့ပြီးမှ အတည်ပြုနိုင်မည်ဟု မြန်မာ့တပ်မတော်ကို ပြောခဲ့သော်လည်း သွားရောက် ကြည့်ရှု့ခြင်း မရှိဟုသိရသည်။

မိုင်းနင်းမိသည့် ဦးဇော်ညွန့်သည် ညာခြေထောက်ထိမိပြီး လားရှိုးဆေးရုံတွင် လာရောက်ကုသသော်လည်း ယခုချိန်အထိ ခွဲစိတ်ခန်း မ၀င်ရသေးသဖြင့် သူ၏ ခြေထောက် အခြေအနေ မည်သို့ ဖြစ်လာမည်ကို မသိရသေးပါ။

 

မှတ်တမ်းနှင့်သုတေသနဌာန
တအာင်းအမျိုးသမီး အဖွဲ့အစည်း

မူးယစ်ဆေးဝါးကြားက ဒုက္ခသံ
လစ်လျူရှု့ခံဘဝများ

PWO အကြောင်း

PWO-Logo

 ပလောင်အမျိုးသမီးအစည်းအရုံးကို အမျိုးသမီးများအား ပညာပေးရန်နှင့် စွမ်းရည်မြှင့်တင်ဆောင်ရွက်ပေးရန် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ပါသည်။ သို့မှသာလျှင် သူတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပိုမိုခိုင်မာစွာ ကျင့်သုံးလာနိုင်ပြီး လူမှုအဖွဲ့အစည်းအတွင်း တန်းတူရည်တူပါဝင်ဆောင်ရွက်လာနိုင်စေရန်ဖြစ်ပါသည်။

Read More...

နောက်ခံသမိုင်း

မွန်ဂိုလွိုက်လူမျိုးနွယ်ကြီး၏ မူရင်းဒေသမှ အာရှတိုက်တွင် အများဆုံးနေထိုင်ကြပြီး အထူးသဖြင့် အာရှတိုက် မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့၌ ပျံ့နှံ့နေထိုင်ကြသည်။ ထို့ကြောင့် ဗီယက်နမ်၊ ခမာ၊ မွန်၊ ဝ၊ ပလောင် (ရိအာန်) မုဏ္ဍ၊ ဆန်သာလ်၊ ခါဆီစသော လူမျိုးတို့သည် မွန်ခမာအနွယ်မှ ပေါက်ဖွားလာသော

Read More...

မိုင်းအိုက်ပန်း(ခ) ကိုမြမောင်

 မိုင်းအိုက်ပန်း(ခ) ကိုမြမောင်    ၁၉၆၂-၂ဝဝ၂ ၇၁ ဦးမြောက် အကျဉ်းထောင်အတွင်း သေဆုံးရသူနိုင်ငံရေးအကျဉ်းသားရဲဘော် မိုင်းအိုက်ပန်းသည် ၁၉၈၄ ခုနှစ်တွင် ပလောင်ပြည်နယ် လွတ်မြောက်ရေးပါတီ အဖွဲ့ဝင်တစ်ဦးအဖြစ် စတင် ပါဝင်လာခဲ့ပါသည်။ ၁၉၈၆ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး မာနယ်ပလောဌာနချူပ်ရှိ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ) ဗဟိုဌာနချူပ်ရုံးသို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးပါတီ၏ ကိုယ်စားလှယ်အဖြစ်စေလွှတ်ခြင်းခံခဲ့ရပါသည်။

Read more...