ကြိုးမိုင်းထိမိရာမှ မန်လွယ် အမျိုးသမီးငယ် (၁)ဦး သေဆုံးကာ (၂) ဦးဒဏ်ရာရရှိ

Print
Category: News
Published Date
Written by Admin Hits: 43

 

ဇန်န၀ါရီလ ၂၁ ရက် ၂၀၁၇ ခုနှစ်

ယနေ့ ဇန်န၀ါရီ ၂၁ ရက်နေ့ ၂၀၁၇ ခုနှစ် မနက် ၈ နာရီခန့်ဝန်းကျင်တွင် သီပေါမြို့နယ် အုံမူအုပ်စု မန်လွယ် ကျေးရွာရှိ ရွာသူ ရွာသားများသည် လက်ဖက်ခြံသွားရာမှ ကြိုးမိုင်းထိမိရာ ပေါက်ကွဲမှုဖြစ်ပွားပြီး အသက် (၁၈)နှစ်ရှိ အမျိုးသမီး ၁ ဦး သေဆုံးကာ အသက် ၁၂ နှစ်နှင့် ၁၃ နှစ် အမျိုးသမီးငယ် ၂ ဦးဒဏ်ရာရရှိပြီး လားရှိုးဆေးရုံသို့ လာရောက် ကုသမှုခံယူနေသည်။

 

ဒဏ်ရာရရှိသူ လွေးခမ်းမှ “ ကျမတို့ လက်ဖက်ခြံသွားတာ စုစုပေါင်း ၁၂ ဦးလောက်ရှိမယ်၊ ကျမတို့ ၃ ဦးက ရှေ့ဆုံးကနေ သွားတာ၊ လက်ဖက်ခြံမရောက်ခင် လမ်းခုလတ်တစ်နေရာရောက်တော့ မိုင်းပေါက်ကွဲတာနဲ့ ကျမတို့ ၃ ဦး စလုံးကို ထိတယ်၊ တစ်ဦးက သီပေါဆေးရုံရောက်တာနဲ့ သေဆုံးသွားပြီး ကျန်တဲ့တစ်ဦးက ဒဏ်ရာ သိပ်မများဘူးဆိုတော့ သီပေါဆေးရုံမှာဘဲ ကျန်ခဲ့တယ်၊ ကျမကိုတော့ လားရှိုးဆေးရုံလွဲပြောင်း လာတယ်” ဟုပြောသည်။

လားရှိုးဆေးရုံတွင် လာရောက်ကုသမှု ခံယူသော လွေးခမ်းသည် ဘယ်ခြေထောက်တွင် ဒဏ်ရာများစွာ ရရှိပြီး ၀မ်းဗိုက်၊ ဘယ်လက်နှင့် မေးစေ့တွင်လည်း မိုင်းဆထိမိသောကြောင့် ဒဏ်ရာရရှိသည်။ ထို့အပြင် သေဆုံးသွား သည့် မဆွေမှာ ကျောကုန်းမှ တဆင့် ကျောက်ကပ်ထိမိပြီး လွေးဟွမ်မှာ ဘယ်လက်နှင့် မျက်နှာတွင် ဒဏ်ရာ ရရှိသည်ဟု သိရသည်။

ဒဏ်ရာရရှိသူ လွေးခမ်း၏ ဦးကြီးဖြစ်သူမှ “ သူတို့တွေ လက်ဖက်ခြံရှင်းဖို့သွားတာ၊ လက်ဖက်ခြံတောင် မရောက် သေးဘူး၊ အဲလိုမိုင်းပေါက်ကွဲတာ ခံရတာ၊ မဆွေတော့ သီပေါဆေးရုံရောက်တာနဲ့ သေဆုံးသွားတယ်၊ ကျန်တဲ့ တစ်ဦးက ဒဏ်ရာ သိပ်မပြင်းတော့ သီပေါဆေးရုံမှာဘဲ ဆေးကုတယ်၊ လွေးခမ်းကိုတော့ သီပေါဆေးရုံက မနိုင်ဘူးပြောပြီး လားရှိုးဆေးရုံကို လွဲပြောင်းပေးတယ် ” ဟုပြောသည်။

ဒေသခံတချို့ ပြောချက်အရ - ယခု ကြိုးမိုင်းသည် မည်သည့်အဖွဲ့အသုံးပြုထားသော မိုင်းဖြစ်သည်ကို သေချာ မပြောနိုင်သော်လည်း ထိုဒေသတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ - RCSS မှ အမြဲတမ်း သွားလာ လှုပ်ရှားနေသည့်ဒေသဖြစ်သောကြောင့် ဤမိုင်းသည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ-RCSS အသုံးပြု ထားသည့် မိုင်းဖြစ်ဖို့ များမည်ဟု ပြောသည်။ ထို့အပြင် ပြီးခဲ့သည့်တစ်ပတ်တွင် RCSS နှင့် TNLA တို့အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ထပ်မံ သိရသည်။

 

မှတ်တမ်းနှင့်သုတေသနဌာန
တအာင်းအမျိုးသမီး အဖွဲ့အစည်း

မူးယစ်ဆေးဝါးကြားက ဒုက္ခသံ
လစ်လျူရှု့ခံဘဝများ

PWO အကြောင်း

PWO-Logo

 ပလောင်အမျိုးသမီးအစည်းအရုံးကို အမျိုးသမီးများအား ပညာပေးရန်နှင့် စွမ်းရည်မြှင့်တင်ဆောင်ရွက်ပေးရန် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ပါသည်။ သို့မှသာလျှင် သူတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပိုမိုခိုင်မာစွာ ကျင့်သုံးလာနိုင်ပြီး လူမှုအဖွဲ့အစည်းအတွင်း တန်းတူရည်တူပါဝင်ဆောင်ရွက်လာနိုင်စေရန်ဖြစ်ပါသည်။

Read More...

နောက်ခံသမိုင်း

မွန်ဂိုလွိုက်လူမျိုးနွယ်ကြီး၏ မူရင်းဒေသမှ အာရှတိုက်တွင် အများဆုံးနေထိုင်ကြပြီး အထူးသဖြင့် အာရှတိုက် မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့၌ ပျံ့နှံ့နေထိုင်ကြသည်။ ထို့ကြောင့် ဗီယက်နမ်၊ ခမာ၊ မွန်၊ ဝ၊ ပလောင် (ရိအာန်) မုဏ္ဍ၊ ဆန်သာလ်၊ ခါဆီစသော လူမျိုးတို့သည် မွန်ခမာအနွယ်မှ ပေါက်ဖွားလာသော

Read More...

မိုင်းအိုက်ပန်း(ခ) ကိုမြမောင်

 မိုင်းအိုက်ပန်း(ခ) ကိုမြမောင်    ၁၉၆၂-၂ဝဝ၂ ၇၁ ဦးမြောက် အကျဉ်းထောင်အတွင်း သေဆုံးရသူနိုင်ငံရေးအကျဉ်းသားရဲဘော် မိုင်းအိုက်ပန်းသည် ၁၉၈၄ ခုနှစ်တွင် ပလောင်ပြည်နယ် လွတ်မြောက်ရေးပါတီ အဖွဲ့ဝင်တစ်ဦးအဖြစ် စတင် ပါဝင်လာခဲ့ပါသည်။ ၁၉၈၆ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး မာနယ်ပလောဌာနချူပ်ရှိ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ) ဗဟိုဌာနချူပ်ရုံးသို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးပါတီ၏ ကိုယ်စားလှယ်အဖြစ်စေလွှတ်ခြင်းခံခဲ့ရပါသည်။

Read more...