ရိုက်ခံရပြီး ကြံခင်းဘေးရှိ တောရကျောင်းတွင် သေဆုံးသွားသည့် အလောင်းတစ်လောင်း တွေ့ရ

Print
Category: News
Published Date
Written by Admin Hits: 50

 

မတ်လ ၆ ရက် ၂၀၁၇ ခုနှစ်

ယနေ့ နံနက် ၇း၀၀ ၀န်းကျင်ချိန်တွင် နမ့်ခမ်းမြို့နယ် နမ့်တီးအုပ်စု လွယ်ဆာကျေးရွာရှိ ကြံခင်းအနီး တောရကျောင်း(တောကျောင်း)နားတွင် ရိုက်နှက်ထားသည့် ဒဏ်ရာဖြင့် သေဆုံးနေသည့် တအာင်းလူမျိုးဖြစ်သူ ဦးအိုက်အာ အလောင်းကို ဒေသခံ တစ်ချို့မှ တွေ့ရှိခဲ့သည်။

 

သေဆုံးသွားသည့် ဦးအိုက်အာသည် ဆွံ့အနေသူ တစ်ဦးဖြစ်ပြီး စကားပြောရာတွင် ခြေလက်ဟန်ပြကာ မပီတပီ ပြောဆိုတတ်ပြီး မိခင်အိုကြီးအား မပျက်မကွက် လုပ်ကိုင်ကျွေးမှုပြုစုနေရသူဖြစ်သည်ဟု သိရသည်။

အလောင်းတွေ့ရှိသူ တစ်ဦးမှ “ သေသွားတဲ့ အိုက်အာရဲ့ ဦးခေါင်းမှာ ရိုက်ခံရတဲ့ ဒဏ်ရာ၂ ချက်လောက်ရှိတယ်၊ ပြီးတော့ ခြေထောက်မှာလည်း ဒဏ်ရာတွေရှိတယ်၊ မနက်တုန်းက အလောင်းတွေ့တွေ့ချင်း ရွာကလူတွေကို ဖုန်းဆက်ပြောပြီး ထော်လာဂျီနဲ့ သယ်ပြန်တယ်၊ လောလောဆယ်တော့ ရဲစခန်းကိုလည်း အကြောင်းကြား ထားတယ်” ဟုပြောသည်။

ဦးအိုက်အာသည် လွန်ခဲ့သော ၃-၄ ရက်တွင် ဦးစိုင်းထွန်းအေး၏ ကြံခင်းမှ မြောင်းလိုက်လံရှင်းပေးသည့် အလုပ်လုပ်ခဲ့သော်လည်း မတ်လ ၅ ရက်နေ့တွင် လာရောက်လုပ်ဆောင်ခြင်း မရှိသည်ကို တွေ့ရသည်ဟု အလုပ်ရှင်ဖြစ်သူ ဦးစိုင်းထွန်းအေးမှ ပြောသည်။

“ အိုက်အာက ကျတော်ဆီမှာ အမြဲတမ်း အလုပ်လာရှာလုပ်တယ်၊ ကျတော်အိမ်က ကြံခင်းတွေကို မြောင်း ရှင်းပေးတာ ၂ ရက်ရှိပြီ ဒါပေမဲ့ မနေ့က ကျတော်ဆီ အလုပ်ပြန်လာလုပ်တာ မတွေ့ဘူး၊ နေ့လည်စာတောင် ကျတော်တို့ သွားမပို့ပေးဘူး၊ သူက လူကောင်းတစ်ယောက်ပါ၊ အလုပ်ပေါ်လည်း အချောင်မခိုတတ်ဘူး” ဟု ဦးစိုင်းထွန်းအေးမှ ဆက် ပြောသည်။

သေဆုံးသွားသူ ဦးအိုက်အာသည် လူကောင်းဖြစ်သည့်အပြင် သွားလေရာမှာ ပိုက်ဆံပါသွားလေ့ရှိသူ ဖြစ်သောကြောင့် လူမိုက်အုပ်စုမှ ပိုက်ဆံလုယက်ပြီး သတ်သွားတာဖြစ်လိမ့်မည်ဟု ဦးစိုင်းထွန်းအေးမှ သုံးသပ်သည်။

 

 

မှတ်တမ်းနှင့်သုတေသနဌာ
တအာင်းအမျိုးသမီး အဖွဲ့အစည်း

မူးယစ်ဆေးဝါးကြားက ဒုက္ခသံ
လစ်လျူရှု့ခံဘဝများ

PWO အကြောင်း

PWO-Logo

 ပလောင်အမျိုးသမီးအစည်းအရုံးကို အမျိုးသမီးများအား ပညာပေးရန်နှင့် စွမ်းရည်မြှင့်တင်ဆောင်ရွက်ပေးရန် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ပါသည်။ သို့မှသာလျှင် သူတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပိုမိုခိုင်မာစွာ ကျင့်သုံးလာနိုင်ပြီး လူမှုအဖွဲ့အစည်းအတွင်း တန်းတူရည်တူပါဝင်ဆောင်ရွက်လာနိုင်စေရန်ဖြစ်ပါသည်။

Read More...

နောက်ခံသမိုင်း

မွန်ဂိုလွိုက်လူမျိုးနွယ်ကြီး၏ မူရင်းဒေသမှ အာရှတိုက်တွင် အများဆုံးနေထိုင်ကြပြီး အထူးသဖြင့် အာရှတိုက် မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့၌ ပျံ့နှံ့နေထိုင်ကြသည်။ ထို့ကြောင့် ဗီယက်နမ်၊ ခမာ၊ မွန်၊ ဝ၊ ပလောင် (ရိအာန်) မုဏ္ဍ၊ ဆန်သာလ်၊ ခါဆီစသော လူမျိုးတို့သည် မွန်ခမာအနွယ်မှ ပေါက်ဖွားလာသော

Read More...

မိုင်းအိုက်ပန်း(ခ) ကိုမြမောင်

 မိုင်းအိုက်ပန်း(ခ) ကိုမြမောင်    ၁၉၆၂-၂ဝဝ၂ ၇၁ ဦးမြောက် အကျဉ်းထောင်အတွင်း သေဆုံးရသူနိုင်ငံရေးအကျဉ်းသားရဲဘော် မိုင်းအိုက်ပန်းသည် ၁၉၈၄ ခုနှစ်တွင် ပလောင်ပြည်နယ် လွတ်မြောက်ရေးပါတီ အဖွဲ့ဝင်တစ်ဦးအဖြစ် စတင် ပါဝင်လာခဲ့ပါသည်။ ၁၉၈၆ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး မာနယ်ပလောဌာနချူပ်ရှိ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ) ဗဟိုဌာနချူပ်ရုံးသို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးပါတီ၏ ကိုယ်စားလှယ်အဖြစ်စေလွှတ်ခြင်းခံခဲ့ရပါသည်။

Read more...