ခလရ (၄၂၄) နှင့် TNLA တို့ အပြန်အလှန်ပစ်ခတ်မှုကြောင့် နမ့်ခမ်းမြို့နယ်ရှိ အိုးအိမ်အချို့ပျက်စီး

Print
Category: News
Published Date
Written by Admin Hits: 415

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မာန်အောင်ကျေးရွာအတွင်းတွင် မြန်မာစစ်တပ် ခလရ (၄၂၄) နှင့် တအာင်းအမျိုးသားလွတ်ေမြောက်ရေးတပ်မတော်တို့မှ အပြန်အလှန် တိုက်ခိုက်မှုကြောင့် တအာင်းမိဘပြည်သူလူထုများ၏ အိုးအိမ်များ ပျက်စီး

၂၀ ရက်နေ့ ဧပြီလ ၂၀၁၄ ခုနှစ်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မာန်အောင် ကျေးရွာအ တွင်းတွင် မြန်မာအစိုးရတပ် ခလရ (၄၂၄) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်တို့မှ စစ်ပွဲများဖြစ်ပွါးရွာ မာန်အောင်ရွာတွင်းရှိ အိုးအိမ်များပျက်စီးသည်ဟု သိရှိရပါသည်။

၂၀ရက်နေ့ ဧပြီလ ၂၀၁၄ တွင် တအာင်းတပ်မတော် (၄၇၈)မှ မာန်အောင်ကျေးရွာတွင် မူးယစ်ဆေး ၀ါးတိုက်ဖျက်ရေး ဟောပြောပွဲ ပြုလုပ်ကျင်းပရန် ရပ်ရွာရှိ အာဏာပိုင်များနှင့်  မြန်မာ့အစိုးရ တပ်မတော်မှ တိုက်ခိုက်မှုများမပြုလုပ်ရန် အကြောင်းကြားထားပါသည်။ သို့သော် နမ့်ခမ်းမြို့မှ မြန်မာ့တပ်မတော် တပ်စခန်း (စခန်းသစ်)နှင့် မြို့မပြည်သူ့စစ်တို့ မာန်အောင်ကျေးရွာသို့ တက်လာပြီး ဆာလုနှင့် မန်အောင်ကျေးရွာကြားတွင် တအာင်းစစ်တပ်နှင့် ထိပ်တိုက်တွေ့ဆုံပြီး စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ကြသည်။ မြန်မာစစ်တပ်မှ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ကို နှိမ်နှင်းရန် လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ တအာင်းမိဘ ပြည်သူ နေအိမ်ကို ထိမှန်ပြီး အိမ်ခေါင်မိုး များပေါက် ပြီး အမိုးပွင့်ကုန်သည်။

“ ကျမ ခြံကနေပြန်လာတာ အပေါ်တက်ပြီးအ၀တ်အစားလဲဖို့ အိပ်ခန်းထဲမှာ ၀င်လိုက်တယ်။ အောက်ငုပ်ပြီးအ၀တ်အစားရှာနေတဲ့အချိန်မှာကျမ ခေါင်းပေါ်မှာ ကျည်ဆံ ဘယ်နှစ်လုံးတောင်လဲ မသိဘူး ဖြတ်ခဲ့တယ်။ ပထမထရံပေါက်ပြီးနောက် ဒုတိယအကြိမ်မှာ ထရံလည်း ထိမှန်ပြီး ထရံတွေ ပေါက်သွားတယ်။  အိမ်ထရံပေါက်ပြီးမှ အိပ်ခန်းထဲကသုံးထပ်သားကိုလည်း ထပ်မံထိပြီး ပေါက်သွား တယ်။ 

ကျမကံကောင်းတယ်လို့ပဲ ပြောရမယ်။ ကျမ ခေါင်းမငုပ်ခဲ့ရင်တော့ ကျည်ဆံက ကျမခေါင်း လား ဒါမှမဟုတ် ရင်ဘတ်ကိုလား တနေနေရာတော့ထိပြီးသေမှာ။ ကျမ တို့စောင် ၊ အိပ်ရာခင်းတွေ တောင်ပေါက်ပြဲကုန်တယ်။ ကျမအရမ်းကြောက်လို့ တုန်ပြီးတော့ အော်တယ်။ အကျယ်ကြီးအော် တာတောင်မှ ကျမသားကမကြားဘူး။ သေနတ်သံတွေပဲဆိုတော့ အိမ်ထဲမှာ ကျမတို့ သားအမိနှစ်ေ ယာက်ပဲ ရှိတယ်။ သားကမီးဖိုချောင်မှာ ကျမက အိမ်အပေါ်ထပ်မှာနေနေတယ်’’ ဟု ရွာသူတစ်ဦးမှ ပြောပြခဲ့သည်။

ထို့အပြင် ဧပြီလ ၂၃ရက်နေ့ နံနက် ၅း၃၀ နာရီအချိန်ခန့်တွင်လည်း တအာင်းတပ်မတော် တပ်ရင်း ၁၂၂ တပ်ဖွဲ့နှင့်မြန်မာတပ်ဖွဲ့များမှ မြန်မာစခန်းသစ်ကုန်းမှ ၁၅မိနစ်ခန့် ဖြစ်ပွားခဲ့ပါသည်။ ၄င်းအပြင် နေ့လည် ၁၀း၃၀ နာရီခန့်တွင် ပန်ဆေးကုန်းဒေသမှ နမ့်ခမ်းမြို့ဖက်သို့ ပြန်ဆင်းသည့်အခါတွင် စကခ ၁၆ လက်အောက်ခံ မြန်မာစစ်ကြောင်းနှင့် တအာင်းတပ်ရင်း ၄၇၈ နှင့် ဆာလူအုပ်စု ငေါ့ခိုက် (ကြူးဆိုင်း) ရွာအောက် နမ့်ခမ်း-နမ့်ဖတ်ကာ ကားလမ်းပေါ်တွင်လည်း တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့သည်။ ဤကဲ့သို့စစ်ပွဲမှုကြောင့် ထိခိုက်ပျက်ဆီးဆုံးရှုံးသွားသည့်အပေါ်တွင် ရွာတွင်းရှိ မိဘပြည်သူ့များမှ နစ်နာကြေးများ လိုချင်သည်ဟု ပလောင်အမျိုးသမီးအစည်းအရုံးကို ပြောပြပါသည်။

နောက်ရွာသားတစ်ဦးမှ “ကြောက်လည်းကြောက်တယ်။ စိတ်လည်းမကောင်းဘူး အိမ်လည်းပျက်ပြီ ၊ သွပ်တွေ အကုန်ပေါက်နေပြီ မိုးတွင်းလည်းရောက်လာတော့မယ်။ ဘယ်လိုနေရမလဲ မသိဘူး။  ကျည်ဆံ၊  ဗုံးထိတဲ့ အိမ်တွေလည်း မနေချင်တော့ဘူး။ ကျမတို့  အိမ်ဆောက်တာပြီးတာ မကြာသေး ဘူး။ ဒီအိမ်ဆောက်ဖို့ (၇) နှစ်တောင်မှ ကျမတို့မောင်နှမတွေ ပိုက်ဆံရှာစုပြီးလုပ်ဖြစ်တာ။ ခုကျတော့ အားလုံးပျက်စီးသွားပြီ ဘာမှမလုပ်နိုင်တော့ဘူး။ ကျမ တောင်းပန်ပါတယ်။ နောက်တစ်ခါ ဒီလို ရွာထဲမှာ တိုက်ပွဲမဖြစ်နဲ့တော့။  ခု ကျမတောင်းဆိုချင်တာ  ကျမကို ပြန်ကူညီပါအုံး။ ကျမအိမ်ကို ပြန်ပြင်ရမယ်။” ဟု ပြောကြားခဲ့ပါသည်။ 

စစ်ပွဲကြောင့် တအာင်းပြည်တွင်း စစ်ပြေးများသည် မန်ခမ်း ရပ်ကွက်နှင့်နမ့်ခမ်းမြို့တွင်းရှိအမျိုးအိမ်များ တွင်ပင်ပန်းဆင်ရဲစွာကပ်နေပြီးထွက်ပြေးရှောင်တိမ်းနေသည်ဟု သိရှိရသည်။ သို့သော် ပြည်တွင်းဒုက္ခ သည် တိကျသည့် ဦးရေကို စုံစမ်းရ၍ မရေသေးပေ။ ပလောင်ဒေသတွင် ၂၀၁၁ နောက်ပိုင်းမှ စပြီး စစ်ပွဲများဖြစ်ပွါးခြင်းကြောင့် ဒုက္ခသည် ၅၀၀၀ ကျော်ရှိနေကြောင်းကို ပလောင်အမျိုးသမီးအစည်းအရုံး မှ “ လျစ်လျူရှုခံ အကြပ်အတည်းများ  “  အစီရင်စာတွင် စစ်တမ်းများ ကောက်ယူ ဖော်ပြ ခဲ့သည်။ ပလောင်ဒေသတွင် စစ်ပွဲများကြောင့် ပြည်တွင်းစစ်ပြေးဒုက္ခသည်များ လျော့ကျသွား ခြင်းမရှိပဲ တစ်ဆ ထက်တစ်ဆ ပိုမိုတိုးလာသည်ကို တွေ့ရမည်ဖြစ်သည်။

သတင်းမှတ်တမ်းနှင့် သုတေသနဌာန
ပလောင်အမျိုးသမီးအစည်းအရုံး

မူးယစ်ဆေးဝါးကြားက ဒုက္ခသံ
လစ်လျူရှု့ခံဘဝများ

PWO အကြောင်း

PWO-Logo

 ပလောင်အမျိုးသမီးအစည်းအရုံးကို အမျိုးသမီးများအား ပညာပေးရန်နှင့် စွမ်းရည်မြှင့်တင်ဆောင်ရွက်ပေးရန် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ပါသည်။ သို့မှသာလျှင် သူတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပိုမိုခိုင်မာစွာ ကျင့်သုံးလာနိုင်ပြီး လူမှုအဖွဲ့အစည်းအတွင်း တန်းတူရည်တူပါဝင်ဆောင်ရွက်လာနိုင်စေရန်ဖြစ်ပါသည်။

Read More...

နောက်ခံသမိုင်း

မွန်ဂိုလွိုက်လူမျိုးနွယ်ကြီး၏ မူရင်းဒေသမှ အာရှတိုက်တွင် အများဆုံးနေထိုင်ကြပြီး အထူးသဖြင့် အာရှတိုက် မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့၌ ပျံ့နှံ့နေထိုင်ကြသည်။ ထို့ကြောင့် ဗီယက်နမ်၊ ခမာ၊ မွန်၊ ဝ၊ ပလောင် (ရိအာန်) မုဏ္ဍ၊ ဆန်သာလ်၊ ခါဆီစသော လူမျိုးတို့သည် မွန်ခမာအနွယ်မှ ပေါက်ဖွားလာသော

Read More...

မိုင်းအိုက်ပန်း(ခ) ကိုမြမောင်

 မိုင်းအိုက်ပန်း(ခ) ကိုမြမောင်    ၁၉၆၂-၂ဝဝ၂ ၇၁ ဦးမြောက် အကျဉ်းထောင်အတွင်း သေဆုံးရသူနိုင်ငံရေးအကျဉ်းသားရဲဘော် မိုင်းအိုက်ပန်းသည် ၁၉၈၄ ခုနှစ်တွင် ပလောင်ပြည်နယ် လွတ်မြောက်ရေးပါတီ အဖွဲ့ဝင်တစ်ဦးအဖြစ် စတင် ပါဝင်လာခဲ့ပါသည်။ ၁၉၈၆ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး မာနယ်ပလောဌာနချူပ်ရှိ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ) ဗဟိုဌာနချူပ်ရုံးသို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးပါတီ၏ ကိုယ်စားလှယ်အဖြစ်စေလွှတ်ခြင်းခံခဲ့ရပါသည်။

Read more...