ရှမ်းပြည်နယ်ရှိ စော်ဘွားများ သမိုင်းအဆက်ဆက်

တအာင်း(ပလောင်)လူမျိုးတို့သည် အဦးအစ၌ အိန္ဒိယပြည်မြောက်ပိုင်း မစ္ဇျိမဒေသက သမ္မတိုင်းတွင် နေထိုင်ခဲ့ကြသည်။ လူဦးရေများပြားလာသောအခါ အုပ်စုလိုက်ဖွဲ့ကာ ရေကြည်ရာ မြက်နုရာသို့ လိုက်လံရှာဖွေ၍ မွန်ဂိုကုန်းမြင့် ဒေသမှတဆင့် မရုတ်ပြည်ယူနန်ရှိ မှိုင်မောဝ်ခေါ် (ရွေသွားနိုင်ငံ)သို့ ရောက်ရှိနေထိုင်ကြသည်။ ရှေးက တန်းမင်းဆက်ဘီစီ (၆၁၈-၉၀၇) လက်ထက်တွင် ရွေလီ မြစ်ဝှမ်းဒေသကို ချင်ချီ(သို့) ရွေသွားနိုင်ငံ(သို့) မှိုင်မောဝ် ဒေသဟု ခေါ်ဆိုစမှတ်ပြုခဲ့ကြသည်။

ယခုသျှမ်းအခေါ် ယုန်ချန် ခေါ် ခိုင်နန်အရပ်များတွင် နေထိုင်ကြသူများသည် လှပတင့်တယ်ရန် အလိုငှာ ရွေပြားကို သွားတွင် တပ်ဆင်လေ့ရှိသူ များ နေ ထိုင်ခဲ့ခြင်းဖြစ်သည်၊ သွားတွင် ရွေသွားတပ်ဆင်ပြီးမှသာ ဧည့်ပရိတ်သတ်များကို ကြိုဆိုဧည့်ခံလေ့ရှိသည်။ ထိုအလေ့အထရှိသူများကို မူလ အားဖြင့် သြစထရစ် ဘာသာစကားပြောသူများက (ပေါ်လောင်)ခေါ် (ပလောင်ရိအာင်း)၊ ၀တို့ အနွယ်အဆက်များဟုခေါ်ခဲ့ကြသည်။

ရှေ့က မှိုင်မောဝ်မြို့ဟောင်းနေရာတွင် နောင်ဆာင်၊ နောင်ခံမ်၊ နောင်ငိုင်၊ နောင်ပေက်ဟူသည့် နန်းတော်များ ရှိခဲ့ရာ နောင်ဆာင်တွင် စစ်ဝု၀်ဘုရင် ထီးနန်းစံမြင်းခဲ့၏၊ ထိုနောင်ဆာင်သည် ရွေလီမြစ်ကမ်းနံဘေးတွင် တည်ရှိသည်၊ အချို့သော နန်းတိုင်များကို ကျောက်တိုင်ဖြင့် စိုက်ထူထား သည်ဟု သိရှိရသည်၊ ထိုနေရာကို ရှေးအခါက ကျယ်ကောင်ဟုလည်း ခေါ်ဆိုကြသည်။

လူအင်အားပေါင်းလေးထောင်ကျော်ခန့်ရှိသော တအာင်းလူမျိုးနွယ်တို့သည် အိန္ဒိယပြည်မြောက်ပိုင်း မစ္ဇျိမဒေသက သမ္မီရတိုင်းမှ တရုတ်ပြည်အလယ် ပိုင်း အရပ်ဒေသသို့ ရေကြည်ရာ၊ မြက်နုရာလိုက် ပြောင်းရွေ့နေထိုင်ကြရာမှ တရုတ်ပြည်တောင်ပိုင်းနှင့် မြန်မာနိုင်ငံမြောက်ပိုင်း ပူတာအို အကြားတွင် ရှိသော ရှေ့ကနမ့်ဆန်မြို့ဟောင်းဟု ခေါ်ဆိုသမုတ်ကြသည့် အရပ်ဒေသတွင် လာရောက်နေထိုင် ခဲ့ကြသည်၊ ခူန်ကောသည် လက်ရုံးရည် နှလုံး ရည်နှင့် ပြည့်စုံသတိရှိခြင်း၊ တောရိုင်းတိရိစ္ဆာန်များရန်ကို ကာကွယ်ပေးနိုင်သော လေးမြှားပစ်သည့် အတတ်ပညာကိုလည်း ကျွမ်းကျင် တတ်မြောက်ခြင်းကြောင့် လူထုအပေါင်းက ကြည်ညိုလေးစားကြသည်။ စော်ဘွားကြီး ခူန်ကောသည် မိမိပိုင်နယ်အတွင်းတွင် အခြွေအရံ မပါဘဲ တစ်ဦးတည်း မြင်းစီးတောကစားထွက်တော်မူလေ့ရှိသည်။

ထိုအချိန်၌ တရုတ်ပြည်ယူနန်နယ်ကို အုပ်ချုပ်ခဲ့သော စစ်ပုဝ်ဘုရင်တွင် အလွန်လှပတင့်တယ် သိမ်မွေ့သော အီထိကညာအမည်ရှိ သမီးတော်တစ်ပါး ရှိလေသည်၊ တရုတ်ဘုရင်စစ်ဝု၀်သည် စော်ဘွားကြီး ခူန်ကောကို ခူန်ကော နောဝံင်ဟူသော ဘွဲ့ကိုပေးအပ်ပြီး သမီးတော်နှင့် ထိမ်းမြားပေး အပ်ခဲ့ သည်၊ စော်ဘွားကြီး ခူန်ကောသည် ဘိသိက်မင်္ဂလာခံယူပြီးနောက် မိမိနေရပ်ဒေသဘက်သို့ အီထိကညာကို တစ်ပါးခေါ်ဆောင်ခဲ့လေသည်၊ ကာလအတန်ကြာသောအခါ သားတော်အကြီး အအာ၊ ဒုတိယသားတော်အညီ၊ တတိယသားတော်အဆာမ်၊ စတုတ္ထသားတော် အယာည်ဟူသော သားတော် လေးပါး ထွန်းကားခဲ့သည်၊

ထို့နောက် ထိုအရပ်ဒေသတွင် သဘာဝရာသီဥတုဖောက်ပြန်၍ လူတို့သည် အနာရောဂါကျရောက် သောကြောင့် အသေအပျောက်များခဲ့ကြသည်၊ ထို အချိန်တွင် စော်ဘွားကြီး ခူန်ကောနော်ဝံင် သည်လည်း ကိုယ်လက်မအီ မသာဖြစ်၍ ရုတ်တရက် နတ်ရွာစံသွားခဲ့သည်၊ ထို့နောက် ပြည် သူ ပြည်သားတို့သည် အသေအပျောက် များသဖြင့် ထိုအရပ်ဒေသတွင် ဆက်လက်မနေလိုသောကြောင့် လူဦးရေ (၄၀၀၀)ကျော်ရှိသော ပြည်သူပြည် သားတို့သည် ညှိနှိုင်းတိုင်ပင်ကြပြီး အခြားအရပ်ဒေသတို့ သွား၍ မြို့သစ်တည်ထောာင်ရန် အစီအစဉ်ရှိသည်၊ ၎င်းနောက် တရုတ်ပြည်ရှိ မြို့ဟောင်းကို စွန့်လွတ်၍ မြန်မာနိုင်ငံမြောက်ပိုင်း အရပ်ဒေသသို့ ထွက်ခွာခဲ့ကြသည်၊ ထိုမှတဆင့် ခရီးဆက်လက်၍ သွားကြရာ လေါည်မူင်မိုင်ခု(ခေါ်) သံခမောက်ေ တာင်သို့ မင်းသားလေးပါးနှင့်အတူတူ အင်အား လေးထောင်ကျော်ရှိသော အခြွေအရတို့သည် လေါည်မူင်မိုင်(ခေါ်) သံခမောက်တောင်အရပ် သို့ ရောက်ကြသောအခါ နေရာရွေးပြီး ခေတ္တစခန်း အနားယူကြ၏။ သုံးလကြာပြီးနောက် မင်းသားလေး တို့သည် မြို့သစ်နန်းသစ်တည် ရန် လေါည်မူင်မိုင်တောင်ထိပ်သို့တက်ကြပြီး မိမိကြိုက်နှစ်သက်ရာ ဒေသကို ရွေးချယ်ကြသည်၊ အသက်ကြီးသူများအား ရိုသေလေးစားသောအားဖြင့် ကြီးစဉ်ငယ်လိုက် ရွေးချယ်စရာ အကိုကြီး အအာည်က အရှေ့အရပ်မိုင်ယဉ်နှောင်မှ သန္နီသို့ ပြောင်းရွေ့နန်းစိုက်ခဲ့သည်၊ အညီက အနောက်အရပ်ရှိ မှိုင်ကွာင်ကျယ်ကောင်ဒေသသို့လည်းကောင်း၊ အဆာမ်က တောင်အရပ်ရှိ လေါည်လိုင်(ယခု) နမ့်ဆန်သို့လည်းကောင်း၊ အယာည်က အနောက်မြောက်ဒေသသို့ လည်းကောင်း အသီးသီးရွေးချယ်လိုက်သည်၊ တအာင်းတို့သည် လေါည်မူင်မှ မှုင်ယဉ်ကိုလည်းကောင်း၊ မှိုင်ယဉ်မှ တဆင့် သိန္နီဒေသသို့ ရောက်လာသည်၊ ထိုမြို့ကို ရှမ်းဘာသာဖြင့် ဆဲန်ဝီဟုခေါ်ကြသည်၊ သို့ဖြစ်ပါ၍ (ဆဲန်ဝီတဲဝံန်း ပှိုက်မိုင် ဆိုက်ပအံမ်ယစ်လည်း)ဟု ဆိုရိုးစကားရှိကြသည်။

အညီတို့သည် လေါည်မုင်မှိုင်မှ နောက်ဘက်ဒေသဘက်သို့ ထွက်ခွာကြရာတွင် ရမ၀တီ လေါည်ဟာင်းစါင်သို့ ရောက်ကြပြီး တောင်ကညာနေရာတွင် မြို့သစ်တည်ထောင်လေသည်။ ထိုမြို့ကို စော်ဘွားကြီး လေါည်ဆဲလက်ထက်တွင် အေဒီ (၁၂၇၂) ခုနှစ် အညံ့ခံသဖြင့် မြန်မာဘုရင်မှ ၀၊ တအာင်း ပလောင်ဒေသများသို့ လာရောက်တိုက်ခိုက်၍ ခေါင်းဆောင်အချို့ကို ဖမ်းယူခဲ့သည်၊ ယင်းကို ပီကင်းရှိ ဘုရင်သိရှိအောင် အစီရင်ခံရသည်၊ ခရစ် (၁၂၇၂) မတ်လ (၃)ရက်နေ့တွင် မြန်မာနိုင်ငံသို့ တရုတ်သံအမတ်(၃)ဦးကို စေလွတ်ခဲ့သည်၊ မြန်မာဘုရင်က ဖမ်းဆီးမိသော ခေါင်းဆောင်များနှင့် တရုတ်သံအမတ်(၃)ဦးကို စေလွတ်ခဲ့သည်၊ မြန်မာဘုရင်က ဖမ်းဆီးမိသော ခေါင်းဆောင်များနှင့် တရုတ်သံအမတ်ကို ကွပ်မျက်လိုက် ပြီး ရွေ သွားနိုင်ငံသို့ (၁၂၇၇) ခုနှစ် ဧပြီလအတွင်း ချီတက် တိုက်ခိုက်ခဲ့ပါသည်။ မြန်မာတပ်နှင့် ဘာလီတပ်တို့ မြစ်ငယ် တစ်ခု ကမ်းပါး၌ ဆုံမိ ၍ မြန်မာတို့ အရေးနိမ့်ခဲ့သည်၊ မွန် ဂိုလ်လည်း (၁၂၈၁) ခုနှစ် စက်တင်ဘာလအတွင်း လာရောက် တိုက်ခိုက်ပါတော့သည်၊ ဗန်းမော် တစ်ဖက်ခြမ်း တွင်ဖြစ် ပွားသော ဆောင်ချမ်းတိုက်ပွဲတွင် မြန်မာတို့ (၁၂၈၅) အညံ့ခံခဲ့ရသည်။

သျှင်ဒိသာပြမှတ်သည် ပီကင်းအထိသွား၍ မွန်ဂိုဧကရာဇ်တို့နှင့် စစ်ပြေငြိမ်းရေး စကားဆိုခဲ့သည်၊ သျှင်ဒိသာပြမှတ်က မိမိတို့နိုင်ငံမှ တရုတ်စစ်သားတို့ ကို ရုပ်မှသာလျှင် နိုင်ငံကို ပြန်လည်ထူထောင်၍ ကောက်ပင်များ စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း၊ သို့မှသာ တိုင်းပြည်ဖွံ့ဖြိုးသာယာလာနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် တရုတ်စစ်သားများကို ရုပ်သိမ်းပေးစေလိုကြောင်း ဧကရာဇ်အားဟောပြော၍ အောင်မြင်ခဲ့ ကြောင်းကို မှတ်တမ်းစာရေးသားခဲ့သည်၊ ၎င်းနောက်တွင် မွန်ဂိုနှင့် မြန်မာစစ်ပြေငြိမ်းလေတော့သည်၊ ထိုအချိန်တွင် စော်ဘွားကြီး လေါည်ဆဲင်၏ သားတော်ဖြစ် သူ လေါည်တိင် က တောင်ပိုင်းနယ်ခေါ် (လေါည်လိုင်)ကို ဆက်လက်အုပ်ချုပ်ထီနန်းစိုးစံခဲ့သည်၊ လေါည်တိင်လက်ထက်မှစ၍ စော်ဘွားကြီး မင်း ဆက်ပေါင်း (၉၇) ဆက်ရှိသည်ဟု ဆိုကြသည်။

စော်ဘွားကြီး (စပ်ကောဖ) နတ်ရွာစံပြီး သားတော်နှစ်ပါးဖြစ်သည့် စပ်စါမ်ဖနှင့် စပ်ဂါမ်ဖ မင်းသားညီနောင် နှစ်ပါးက ဆက်လက်၍ အုပ်ချုပ်ခဲ့သည်၊ အင်းဝဘုရင်အား အခွန်တော် မဆက်သဖြင့် စစ်ဖြစ်ပွားခဲ့ရသည်၊ ခရစ် (၁၄၀၀-၁၃၄၃)တွင် အင်းဝဘုရင်က ကျယ်ကောင် မှိုင်ကွာင်ကို စစ်အင်အား အလုံးအရင်းဖြင့် ၀င်ရောက်တိုက်ခိုက်ခဲ့သည်၊ ညီနောင်နှစ်ပါးတို့သည် မိုးမိတ်ဘက်သို့ ထွက်ပြေးတိမ်ရှောင်ခဲ့ကြသည်၊ စပ်စါမ်ဖသည် ထိုအရပ်တွင် သံလျက်ကိုကိုင်ကာ အဓိဌာန်ပြု နန်းသစ်မြို့သစ်ကို တည်ထောင်လေသည်။ ထိုမြို့ကို (မှိုင်မိတ်)ဟု ခေါ်တွင်ခဲ့သည်၊ ယခုအခါ မိုးမိတ်ဟုခေါ်သည်၊ ညီတော်စပ်ဂါမ်ဖက မြစ်ကမ်းနံဘေးရှိ မြေပြန့်တစ်နေရာတွင် မောင်းမြုပ်၍ အဓိဌာန်ပြုကာ မြို့သစ်နန်းသစ်တည်လေသည်၊ ထိုမြို့ကို နမ့်မောင်းခေါ်ခဲ့ သည်၊ စော်ဘွားကြီး စပ်ဂါမ်ဖ၏ တော်ရာနယ်ပယ်ဒေသကို တောင်ပိုင်းနယ်ဟု သတ်မှတ်ကာ စပ်နော်ဖသည်လည်း မြစ်ကမ်းနံဘေး ရှိ မြေပြန့် တစ်နေရာတွင် မြို့သစ်နန်းသစ် တည်လေသည်၊ ထိုမြို့ကို နမ့်တရွေ့မြစ်အနီး တည်ထားသောကြောင့် နမ့်တရွေးမြို့ဟု ခေါ်သည်၊ နမ့်တရွေး အရပ်ဒေသသည် မိုးမိတ်မြို့အနီးတွင် ရှိသည်၊ အချို့က မိုးကုတ်ဒေသသို့ ထွက်ခွာသွားကြသည်၊ အချို့က တရုတ်ပြည်ဘက်သို့ ထွက်ပြေးကြလေသည် ၊ စစ်ပြေငြိမ်းသောအခါ အချို့က ကျယ်ကောင်၊ မှိုင်ကောင်ကို ပြန်လာကြ၍ နေထိုင်ခဲ့ကြသည်၊ သာသနာဘောင်လည်း ပြန်လည်ထွန်းကားလာခဲ့သည် သို့သော်မကြာမီ ဂျိန်းဖော ဒေသမှ ကချင်အနွယ်ဝင်တို့က အင်အားအလုံးအရင်းဝင်ရောက် တိုက်ခိုက်ကြသဖြင့် ဒုတိယအကြိမ် မြို့ပျက်သုဉ်းခဲ့ရပြန် သည်။

စော်ဘွားကြီး အဆာမ်သည် လူအင်အားတစ်ထောင်ကျော်ရှိ အခြွေအရံများနှင့် တကွ မယ်တော် အီထိကညာကိုပါ ခေါ်ဆောင်လာခဲ့သည်၊ တောင် ဘက် လေါည်လိုင်ဒေသတို့ ခရီးဆက်လက် ထွက်ခွာလာရာ ဘုရားကြီးကုန်း လေါည်ကိုန်ဆာမ်သို့ ရောက်ရှိခဲ့သည်၊ အနားယူနေစဉ် အတိတ်နိ မိတ် ကောင်းများတွေ့ရှိ၍ ထိုနေရာတွင် မြို့သစ်တည်ခဲ့လေသည်၊ နောက်ပိုင်းတွင် လူဦးရေများ လာသောအခါ ရွာပေါင်း (၂၈)ရွာ တိုးချဲ့၍ နေထိုင်ခဲ့ ကြလေသည်၊ ထင်ရှားသော ရွာအချို့မှာ စယ်တုန်ဟုန်၊ စယ်ပါင်ကောက်၊ စယ်တို၊ စယ်နိယ်၊ ဇာံင်အိုမ်၊ ဂါင်ဟိုရ်၊ ကန်တုံင်၊ ပါင်တိုင်လှည့်၊ ငွက်ကရံမ်၊ ကံန်ဒုင်ဘြီ၊ ပါင်မောန်၊ ခွန်ဒေါင်၊ ဟ္လမှိုင်၊ ကျောက်တော်စသည်တို့ဖြစ်သည်၊

တအာင်းလူမျိုးတို့ စော်ဘွားကြီးများ လက်ထက်ထဲတွင် တအာင်းလူမျိုး လူဦးရေများပြား လာသောအခါ မြို့ရွာနယ်နိမိတ်တိုးချဲ့ နေထိုင်ခဲ့ကြသည် ၊ ကောဇာသက္ကရာဇ် (၁၂၂၇) ခုနှစ် နတ်တော်လကွယ် သောကြာနေ့တွင် စော်ဘွားကြီး ခူန်ခွမ်အွမ် ခေါ် ခူန်ကျိန် လက်ထက်တွင် ဘုရားကြီးရွာမှ ယခု လက်ရှိ နမ့်ဆန်မြို့သို့ ပြောင်းရွေ့၍ မြို့သစ် နန်းသစ် တည်ထောင်ခဲ့သည်၊

နမ့်ဆန်မြို့ ရှမ်းဘာသာဖြင့် နမ့်ကိုရေ၊ ဆန်ကို တုန်လှုပ်ဟု အဓိပ္ပါယ်ဖြင့် နမ့်ဆန်ဟု ခေါ်ခဲ့သည်၊ ပလောင်ဘာသာဖြင့် အိုမ်းကိုရေ၊ ယိုရ်ကို တုန်လှုပ် သည်ဟူ၍ အိုမ်းယိုရ်ဟုလည်းကောင်း ခေါ်ဆို ခဲ့သည်၊ နမ့်ဆန်မြို့ကို အခြေပြု ပလောင်လူမျိုးတို့ နေထိုင်ရာ နယ်ပယ်ဒေသကို တောင်ပိုင်နယ်ဟု သတ်မှတ်ကာ တောင်ပိုင်စော်ဘွား အဆက်ဆက်ဖြင့် အုပ်ချုပ်ခဲ့လေသည်၊

ခရစ်သက္ကရာဇ် (၁၈၈၅)ခုနှစ် အင်္ဂလိပ်၊ မြန်မာ တတိယစစ်ပွဲ အပြီးတွင် မြန်မာနိုင်ငံ တ၀ှမ်းလုံး အင်္ဂလိပ်ကိုလိုနီလက်အောက်သို့ ကျရောက်ခဲ့သည်၊ ကိုလိုနီစနစ်တွင် မြန်မာနိုင်ငံကို တိုင်းမင်းကြီး အရေးပိုင် နယ်ပိုင် ၀န်ထောက်အဆင့်ဆင့်ဖြင့် အုပ်ချုပ်ခဲ့ကြသည်။

ရှမ်းပြည်နယ်သည် ကျယ်ဝန်းသဖြင့် မြို့နယ်ပေါင်း (၃၃)မြို့နယ်ရှိပြီး စော်ဘွားကြီးများလည်း (၃၃) စော်ဘွားဖြင့် အသီးသီးရှိခဲ့ကြသည်။ မြို့နယ်တစ်မြို့ နယ်တွင် နယ်ပိုင်ဝန်ထောက်တစ်ဦးကျစီခန့် ထားကြသဖြင့် နယ်ပိုင် ၀န်ထောက်တို့မှာ စော်ဘွားကြီးများအပေါ် ကြီးကြပ်ကွပ်ကဲ အုပ်ချုပ်ခဲ့သည်၊ ကိုလိုနီလက်ထက်တွင် တောင်ပိုင်နယ် စော်ဘွားကြီးများမှာ စ၀်ခွန်ခမ်းမိန်း၊ စ၀်ခွန်ဆာင်အွမ်နှင့် စ၀်ခွန်ပန်းစိန်တို့ဖြစ်ကြသည်၊ ထိုစဉ်က အရေးပိုင်မင်း မှ တောင်ပိုင်စော်ဘွားကြီး စ၀်ခွန်ပန်းစိန်အား မဟာသရေစည်သူဘွဲ့ကို ချီးမြှင့်ခဲ့သည်၊

တောင်ပိုင်းစော်ဘွားကြီးများ လက်အောက်တွင် အမတ်ချုပ်တစ်ဦး၊ တရားသူကြီး အမတ်တစ်ဦး၊ အခွန်တော် အမတ်တစ်ဦး၊ ငွေတိုက် အမတ်တစ်ဦး၊ နယ်လှည့် အမတ်တစ်ဦး၊ ပုလိပ်အုပ်ချုပ်သူ ရာဇာဝတ်အုပ် အမတ်တစ်ဦး စသည်တို့ဖြင့် အသီးသီးခန့်အပ်ထားသည်၊ အဆိုပါ အမတ်များ လက်အောက်တွင် ရုံးလုပ်ငန်း စာရေးစာချီအစရှိသော ရုံးဝန်ထမ်းများဖြင့် စီမံအုပ်ချုပ်ခဲ့ကြသည်၊ တောင်ပိုင် စော်ဘွားကြီး လက်အောက်တွင် တိုက်တယ်များလည်း ရှိသည်၊

ယင်းတို့မှာ မြို့မတိုက်၊ ဇယန်းကြီးတိုက်နယ်၊ ကျောက်ဖြူတိုက်နယ်၊ ရှော်လဲတိုက်နယ်၊ တောင်မ တိုက်နယ်၊ ခွန်ဟောက်တိုက်နယ်၊ မန်စံတိုက်နယ် တို့ ဖြစ်သည်၊ တိုက်နယ်တိုင်းတွင် တိုက်သူကြီးခေါ် နယ်ပိုင်ကြီးများ ရှိကြသည်၊ နယ်ပိုင်အောက်တွင် သူကြီးတာကဲ၊ တာကန်၊ အရပ်အုပ်၊ ထမုန်၊ သာမဓိ စသည်ဖြင့် အသီးသီး ရှိကြသည်။

ထို့ပြင် တောင်ပိုင်စော်ဘွားကြီးများ လက်အောက်တွင် နမ္မတူမြို့နယ်နှင့် မိုင်ငေါ့မြို့တွင် မြို့စားကြီး တစ်ဦးစီခန့်အပ်ထားသည်၊ မြို့စားကြီးများ လက်အောက်တွင် ရုံးလုပ်ငန်းအတွက် စာရေးစာချီများလည်း ခန့်ထားကြသည်၊ စော်ဘွားကြီး အုပ်ချုပ်သည့် ကာလအတွင်း (၁၉၄၁) ခုနှစ် ဒုတိယ ကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားလာရာ ဂျပန်ခေတ်ကာလတွင် အုပ်ချုပ်မှု စနစ်တကျ ပီပီပြင်ပြင် မရှိတော့ဘဲ မြို့များမှာလည်း ပျက်စီးခဲ့ရသည်၊ (၁၉၄၅) ခုနှစ်ရောက်သောအခါ အမေရိကန်နှင့် အင်္ဂလိပ်မဟာမိတ်တပ်များ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက် သိမ်းပိုက်ခဲ့ပြီး ယခင်အုပ်ချုပ်မှု စနစ်ဟောင်း အတိုင်း အုပ်ချုပ်ခဲ့ပြန်သည်။

(၁၉၄၇) ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး မြန်မာ၊ ကချင်၊ ချင်းနှင့် ရှမ်းပြည်နယ်ရှိ စော်ဘွားကြီးများအားလုံး ပြည် နယ်ပြည်မ မခွဲခြားဘဲ လွတ်လပ်ရေး ရယူရန် တောင်းဆိုခဲ့ကြသည်၊ ထို့နောက် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့တွင် တောင်တန်းဒေသနှင့် ပြည်မ မခွဲခြားဘဲ တစ်ပြိုင်တည်း လွတ်လပ်ရေး ရယူရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသည်၊ ထိုပင်လုံစာချုပ်ရေးထိုးပွဲတွင် တောင်ပိုင်း စော်ဘွား ကြီး စပ်ခွန်ပန်းစိန်လည်း တက်ရောက်လက်မှတ် ရေးထိုးခဲ့ကြသည်၊

(၁၉၄၈) ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့တွင် မြန်မာနိုင်ငံသည် အင်္ဂလိပ်အစိုးရထံမှ လွတ်လပ်ရေး ရယူခဲ့ပြီး လွတ်လပ်သော အချုပ်အခြာအာဏာ ပိုင် နိုင်ငံတော်ကို ထူထောင်ခဲ့သည်၊ လွတ်လပ်ရေး ရရှိပြီးနောက် (ဖဆပလ) အဖွဲ့မှ ဦးဆောင်ပြီး ပါလီမန်ဒီမိုကရေစီ စနစ်ဖြင့် စီမံ အုပ်ချုပ်ခဲ့သည်၊ ထိုအချိန်တွင် မြန်မာနိုင်ငံတော် သမ္မတမှာ ညောင်ရွေ စော်ဘွားကြီး စ၀်ရွေသိုက်ဖြစ်ပြီး ကျန်စော်ဘွား များအားလုံးမှာ လွတ်တော်ပါလီမန် အမတ် အဖြစ် အလိုအလျောက် တင်မြောက်ခြင်းခံရသည်။ (၁၉၅၉) ခုနှစ် မတ်လ (၂)ရက်နေ့တွင် ရှမ်းပြည်နယ်စော်ဘွားများအားလုံး အာဏာစွန့်လွတ် လိုက်ရပြီး စော်ဘွားစနစ်ချုပ်ငြိမ်းခဲ့သည်။ တောင်ပိုင်းစော်ဘွားကြီး စ၀်ခွန်ပန်းစိန်သည် ကောဇာ သက္ကရာဇ် (၁၂၉၅)မှ (၁၃၂၁)ခုနှစ်အထိ စော်ဘွားကြီး အဖြစ် အုပ်ချုပ်ခဲ့ရာ ခရစ်သက္ကရာဇ် (၁၉၅၉) ခုနှစ်တွင် စော်ဘွား အာဏာကို စွန့်လွတ်ခဲ့ရသည်၊ တောင်ပိုင်းစော်ဘွားကြီး မျိုးနွယ်စဉ်ဆက် များ တောင်းပိုင်းနယ်တွင် ဆက်လက်နေထိုင်လျှက် နေထိုင်ခဲ့ကြသည်။







 

 

 

မူးယစ်ဆေးဝါးကြားက ဒုက္ခသံ
လစ်လျူရှု့ခံဘဝများ

PWO အကြောင်း

PWO-Logo

 ပလောင်အမျိုးသမီးအစည်းအရုံးကို အမျိုးသမီးများအား ပညာပေးရန်နှင့် စွမ်းရည်မြှင့်တင်ဆောင်ရွက်ပေးရန် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ပါသည်။ သို့မှသာလျှင် သူတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပိုမိုခိုင်မာစွာ ကျင့်သုံးလာနိုင်ပြီး လူမှုအဖွဲ့အစည်းအတွင်း တန်းတူရည်တူပါဝင်ဆောင်ရွက်လာနိုင်စေရန်ဖြစ်ပါသည်။

Read More...

နောက်ခံသမိုင်း

မွန်ဂိုလွိုက်လူမျိုးနွယ်ကြီး၏ မူရင်းဒေသမှ အာရှတိုက်တွင် အများဆုံးနေထိုင်ကြပြီး အထူးသဖြင့် အာရှတိုက် မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့၌ ပျံ့နှံ့နေထိုင်ကြသည်။ ထို့ကြောင့် ဗီယက်နမ်၊ ခမာ၊ မွန်၊ ဝ၊ ပလောင် (ရိအာန်) မုဏ္ဍ၊ ဆန်သာလ်၊ ခါဆီစသော လူမျိုးတို့သည် မွန်ခမာအနွယ်မှ ပေါက်ဖွားလာသော

Read More...

မိုင်းအိုက်ပန်း(ခ) ကိုမြမောင်

 မိုင်းအိုက်ပန်း(ခ) ကိုမြမောင်    ၁၉၆၂-၂ဝဝ၂ ၇၁ ဦးမြောက် အကျဉ်းထောင်အတွင်း သေဆုံးရသူနိုင်ငံရေးအကျဉ်းသားရဲဘော် မိုင်းအိုက်ပန်းသည် ၁၉၈၄ ခုနှစ်တွင် ပလောင်ပြည်နယ် လွတ်မြောက်ရေးပါတီ အဖွဲ့ဝင်တစ်ဦးအဖြစ် စတင် ပါဝင်လာခဲ့ပါသည်။ ၁၉၈၆ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး မာနယ်ပလောဌာနချူပ်ရှိ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ) ဗဟိုဌာနချူပ်ရုံးသို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးပါတီ၏ ကိုယ်စားလှယ်အဖြစ်စေလွှတ်ခြင်းခံခဲ့ရပါသည်။

Read more...